ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ သက်တော်(၉၇)နှစ်အရွယ်၌ ကွယ်လွန်
မျိုးကြီး (NSS) - အောက်တိုဘာ ၅
ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် သက်တော်(၉၇)နှစ်အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်မှ သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် ယနေ့(အောက်တိုဘာလ ၅ ရက်)၊ နံနက် ၅ နာရီ၊ ၅ မိနစ်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထားသည်။
သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့၊ နံနက် ၅ နာရီအချိန်တွင် ဖခမည်းတော်ဦးစံလှ၊ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ညောပင်ကျေးရွာတွင် ဖွားမြင်ခဲ့သူဖြစ်သည်။
ဒေါ်ကဉ္စနာသည် မွေးချင်း (၁၂)ယောက်အနက် (၄)ယောက်မြောက်ဖြစ်ပြီး လူအများကြည်ညိုလေးစားသည့် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ အစ်မတစ်ဦးလည်း ဖြစ်သည်။
သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် အသက်(၁၄)နှစ်အရွယ်၌ စစ်ကိုင်းတောင်ရိုး ဝိပဿနာဂန္ဓာရုံချောင်ပဌမဝိဿနာဆရာတော်အရှင်ဥက္ကန္ဒာဘသထံ သီလရှင်အဖြစ်ခံယူကာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့နယ်တွင် အငြိမ်းစားတပ်မတော်အရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း