သထုံမြို့နယ်တွင် အငြိမ်းစားတပ်မတော်အရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Pearl (NSS) - အောက်တိုဘာ ၄
သထုံမြို့နယ်တွင် အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာလ (၃) ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြိုနယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ကြာပန်းကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကြာပန်းကျေးရွာ၊ ကရင်စုရပ်တွင်နေထိုင်သော အငြိမ်းစားတပ်မတော်အရာရှိ ဦးဝင်းနောင်သည် ၎င်း၏နေအိမ်၌ ဖွင့်လှစ်ထားသည့် ဈေးဆိုင်အတွင်းရှိနေစဉ် အကြမ်းဖက် အမျိုးသား(၃)ဦးသည် ဈေးဝယ်ဟန်ဆောင်ကာ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး ဦးဝင်းနောင်အား သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ကြာပန်း - ဝီယော် ခရိုင်ချင်းဆက်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနောင်သည် ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ဦးဝင်းနောင်သည် အမှတ်(၁)စစ်သားစုဆောင်းရေးတပ်မှ ကျန်းမာရေးအခြေအနေကြောင့် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့တွင် အရက်ဝယ်စဉ်စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း