စစ်တွေမြို့တွင် အရက်ဝယ်စဉ်စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားဖြင့်အခုတ်ခံရ၍ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၄ရက်)၊ ည ၉နာရီ ၃၂မိနစ်အချိန်တွင် စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းအနောက်ဘက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူ့မိန်းမပြောတာတော့ သူကအရက်သွားဝယ်တာတဲ့။ အဲဒီအချိန်မှာ အရက်ဆိုင်ပိုင်ရှင်နဲ့စကားများပြီး သူ့ကိုအရက်ဆိုင်ပိုင်ရင်က ဓားနဲ့လိုက်ခုတ်တာပါ” ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ဓားဖြင့် အခုတ်ခံရမှုကြောင့် မင်းဂံ အကွက်(၁)တွင်နေထိုင်သည့် အသက်(၃၅)နှစ်အရွယ်အမျိုးသားသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဓားဒဏ်ရာတော့အများကြီးမရှိပါဘူး။ နောက်စေ့ကိုခုတ်လိုက်တဲ့တစ်ချက်ပါပဲ။ အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာပါ။ ခုတ်တဲ့ဓားက ဓားမလို့တော့သိရပါတယ်။ ဓားဒဏ်ရာတော့များတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ဓားဖြင့်ခုတ်သတ်မှုကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားပြီး သေဆုံးသူအား ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းမှ စစ်တွေမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာအိုနိုင်ငံရှိ Online မှငွေကြေးလိမ်လည်ရသည့်လုပ်ငန်းသို့ လူ(၇)ဦးကို ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ်ချမှတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း