လာအိုနိုင်ငံရှိ Online မှငွေကြေးလိမ်လည်ရသည့်လုပ်ငန်းသို့ လူ(၇)ဦးကို ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ်ချမှတ်
စော(NSS) - အောက်တိုဘာ ၅
လာအိုနိုင်ငံရှိ Online မှငွေကြေးလိမ်လည်ရသည့်လုပ်ငန်းသို့ လူ(၇)ဦးကို ရောင်းစားခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်(၂၅)နှစ်ချမှတ်ခဲ့ကြောင်း နစက၏အချက်အလက်များအရ သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် နေထိုင်သူ မစိုးစိုး(ခ)မချစ်ချစ်(ခ)မမိုးမိုးဦးက နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် နေထိုင်ကြသည့် အသက် (၂၂)နှစ်အရွယ် အမျိုးသား (၂)ဦး၊ အသက် (၁၉)နှစ်အရွယ် အမျိုးသား (၂)ဦး၊ အသက် (၂၀)အရွယ် အမျိုးသား (၁)ဦး၊ အသက် (၂၁)အရွယ် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို လာအိုနိုင်ငံတွင် အလုပ်လုပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအလုပ်သည် လာအိုနိုင်ငံရှိ ဂိမ်းဆိုင်တစ်ခုတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် လစာ(၁၅)သိန်းခန့်ရမည်ဟု ၎င်းတို့ကို စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့သို့ စည်းရုံးပြောဆိုပြီး အဆိုပါ အမျိုးသမီးသည် လာအိုနိုင်ငံရှိ ဂိမ်းဆိုင်သို့မပို့ဘဲ Online မှငွေလိမ်ရသည့်လုပ်ငန်းသို့ ၎င်းတို့ကို ပို့ဆောင်ရောင်းစားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရောင်းစားခဲ့သူအား တပ်ကုန်းမြို့မရဲစခန်း(ပ)၁၅၃/ ၂၀၂၂ အရ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၅ ဖြင့် အမှုရေးဖွင့်၍ ဥတ္တရခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ထို့သို့တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာလ (၃)ရက်တွင် မစိုးစိုး(ခ)မချစ်ချစ်(ခ)မမိုးမိုးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ(၂၄)အရ အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ်ချ မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၅)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့သဖြင့် စုစုပေါင်း (၂၅)နှစ်ကို သီးခြားစီကျခံစေခဲ့ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ၊ အရေးယူဆောင်ရွက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း