ထိုင်းနိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုတွေ၊ အရေးယူဆောင်ရွက်မှုတွေကို အရှိန်မြင့်လုပ်ဆောင်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
ထိုင်းဝန်ကြီးချုပ်က နိုင်ငံအတွင်း သေနတ်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သွားမှာဖြစ်ပြီး တရားမဝင်သေနတ်ကိုင်ဆောင်သူများကို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ ၃ ရက်က ဘန်ကောက်မြို့ရှိ ရှော့ပင်းမောမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လူနှစ်ဦး သေဆုံးခဲ့ရာ ထိုင်းအစိုးရအဖွဲ့အသစ်အတွက် ဖိအားတွေများနေကြောင်း သိရပါတယ်။ ဘန်ကောက်မြို့မှာဖြစ်ပွားတဲ့ပစ်ခတ်ခဲ့မှုဟာ ထိုင်းအစိုးရအသစ်ရဲ့ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်စေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ခရီးသွားများဟာ ထိုင်းနိုင်ငံကို လာရောက်ဖို့ စိုးရိမ်မှုတွေရှိလာခဲ့ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟာ ရှော့ပင်းမောမှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား နဲ့ တရုတ် နိုင်ငံသားများရဲ့မိသားစုများအတွက် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အချက်ကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်ဟာ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းစိတ်မကောင်းကြောင်း ပြသတဲ့ ရှော့ပင်းမောအတွင်း ဆုတောင်းပွဲကိုလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်က "ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ထိခိုက်နစ်နာမှုတွေ လျော့နည်းအောင် အကောင်းဆုံးလုပ်ဆောင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ သေနတ်ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားအောင် ကြိုတင် ကာကွယ်ရေးအစီအမံတွေကို လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ သေနတ်ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားအောင် ကြိုတင်အစီအမံများ လုပ်ဆောင်မယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ်ပြောဆိုခြင်းမျိုး မရှိပါဘူး။ အသက် ၁၄ နှစ်အရွယ်ရှိ ထိုင်းလူငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်က ရှော့ပင်းမောအတွင်း ပစ်ခတ်မှုကျူးလွန်ခဲ့ပြီး နှစ်ဦး သေဆုံးကာ၊ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့မှမိုင်းထောင်မှုထပ်မံဖြစ်ပွားခဲ့ပြီး ရထားလမ်းနှင့်ဘူတာရုံမိုင်းခွဲဖျက်ဆီးခံရသည့် အကြိမ်ရေ(၁၀၀)ကျော်ရှိလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း