ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့မှမိုင်းထောင်မှုထပ်မံဖြစ်ပွားခဲ့ပြီး ရထားလမ်းနှင့်ဘူတာရုံမိုင်းခွဲဖျက်ဆီးခံရသည့် အကြိမ်ရေ(၁၀၀)ကျော်ရှိလာ
Pearl (NSS) - အောက်တိုဘာ ၅
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့မှ ထပ်မံမိုင်းထောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိ နစကလက်ထက်၌ ရထားလမ်း နှင့် ဘူတာရုံ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အကြိမ်ရေ သည် (၁၀၀)ကျော်ရှိလာပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၄ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် ၁၂၀/၇-၈ ရှိ တံတားအမှတ် (၁၇၉) အနီးတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားအနီးတွင် ဝါယာကြိုးများဖြင့် သွယ်တန်းထားသည့် မိုင်းဟု ယူဆရသော ဆာလာအိတ်နှင့်ထည့်ထားသည့် ကော်ပုံး(၂)ပုံးကိုတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ တာဝန် ရှိသူများက မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် အမှတ် (၉၂၃) အဆန် ကုန်ရထားသည် ပဲနွယ်ကုန်း ဘူတာသို့ နံနက် (၉)နာ ရီ (၄၃)မိနစ်တွင်လည်းကောင်း၊ အမှတ် (၉၀၄) အစုန်ကုန်ရထားသည် ကညွတ်ကွင်း ဘူတာသို့ နံနက် (၁၀)နာရီ (၅)မိနစ်တွင်လည်းကောင်း၊ အမှတ် (၉၀၂) အစုန် ကုန်ရထားသည် ဖြူးဘူတာသို့ နံနက် (၁၀)နာရီ (၁၀)မိနစ်တွင်လည်းကောင်း ရောက်ရှိခဲ့ပြီး မိုင်းရှင်းလင်းပြီးအချိန်ထိ စောင့်ဆိုင်းရပ်နားခဲ့ရသဖြင့် (၁)နာရီခန့် ကြန့်ကြာသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား အချိန်မီတွေ့ရှိဟန့်တားနိုင်ခြင်းမရှိပါက ရထားစီး ခရီးသွားပြည်သူများ ထိခိုက်သေဆုံးနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုကြီးမားစွာ ဖြစ်ပေါ်နိုင်ကြောင်း နစကမှ အသိပေးထားသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာအနီးရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း မိုင်တိုင်အမှတ်(၉၉)တွင် အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှစ၍ ယနေ့အချိန်ထိ မြန်မာ့မီးရထားလမ်း ကွန် ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနေမြေများအတွင်း ဗုံးထောင်မှု ၁၂၆ ကြိမ် ၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံးလုပ်နေတဲ့ ဆော်ဒီအာရေဗျ နဲ့ ရုရှားတို့က ရေနံထုတ်လုပ်တင်ပို့မှုတွေကို နှစ်ကုန်အထိ လျော့ချသွားမယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း