ကမ္ဘာ့ရေနံထုတ်လုပ်မှုအများဆုံးလုပ်နေတဲ့ ဆော်ဒီအာရေဗျ နဲ့ ရုရှားတို့က ရေနံထုတ်လုပ်တင်ပို့မှုတွေကို နှစ်ကုန်အထိ လျော့ချသွားမယ်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၅
ဆော်ဒီအာရေဗျ နဲ့ ရုရှားနိုင်ငံတို့ဟာ ရေနံထုတ်လုပ်မှုများနဲ့ ပြည်ပတင်ပို့မှုတွေကို ဒီနှစ်ကုန်အထိ ဆက်လက် လျော့ချသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့နေတဲ့နိုင်ငံများအဖွဲ့ OPEC+ ကို ဦးဆောင်နေတဲ့နိုင်ငံတွေဖြစ်တဲ့ ရုရှား နဲ့ ဆော်ဒီအာရေဗျဟာ ရေနံထုတ်လုပ်တင်ပို့မှုတွေကို လျော့ချမယ်ဆိုတဲ့အချက်ကို သီးခြားသတင်းထုတ်ပြန်ခဲ့တာ မျိုးဖြစ်ပါတယ်။
ကမ္ဘာ့ရေနံဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်လာစေဖို့ နဲ့ ဈေးနှုန်းကို ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့ ရည်ရွယ် ပြီး ရေနံထုတ်လုပ်မှုတင်ပို့မှုတွေကိုလျော့ချဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း ရုရှားနဲ့ ဆော်ဒီအာရေဗျ အစိုးရတို့က ပြောပါတယ်။ ဆော်ဒီအာရေဗျစွမ်းအင်ဝန်ကြီးက ၎င်းတို့နိုင်ငံအနေနဲ့ ရေနံစိမ်းထုတ်လုပ်မှုတွေကို အောက်တိုဘာ လအတွင်း တစ်ရက် ရေနံစည်ပေါင်း ၁ သန်းခန့် လျော့ချထုတ်လုပ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါ တယ်။
ဆော်ဒီအာရေဗျစွမ်းအင်ဝန်ကြီးက "ရေနံစိမ်းထုတ်လုပ်တင်ပို့မှုတွေကို တိုးမြှင့်တာ ဒါမှမဟုတ် လျော့ချတာ လုပ်ဖို့ကိုတော့ လာမယ့်လမှာ ပြန်လည်သုံးသပ်သွားမှာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် ရုရှား ဒုတိယဝန်ကြီးချုပ်ကလည်း ရုရှားနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံများထံ ရေနံစိမ်းတင်ပို့မှုတွေကို တစ်ရက် စည်ပေါင်း ၃ သိန်းအထိ လျော့ချပြီး နှစ်အကုန်အထိတင်ပို့သွားမှာကြောင်း ပြောပါတယ်။
ရုရှားအစိုးရအနေနဲ့ ကမ္ဘာ့ရေနံဈေးကွက်အခြေနေကို လေ့လာစောင့်ကြည့်ပြီးနောက် လာမယ့်လမှာ ရေနံစိမ်းထုတ်လုပ်တင်ပို့မှုတွေအပေါ် ပြန်လည်သုံးသပ်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ရုရှားဟာ ရေနံစိမ်း ထုတ်လုပ်မှုတွေကို မတ်လက စတင်ပြီး တစ်ရက်ကို ရေနံစည်ပေါင်း ၅ သိန်းကျော်သာ လျော့ချ ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ရေနံထုတ်လုပ်နေတဲ့ OPEC အဖွဲ့ နဲ့ ရုရှားတို့က ရေနံထုတ်လုပ်မှု လျော့ချလိုက်ခြင်းကြောင့် ကမ္ဘာရေနံဈေးနှုန်းမြင့်တက်လာဖွယ်ရှိနေပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ရေနံနဲ့ပတ်သက်ပြီး အကျပ်ရိုက်ဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွားထိုးကြီးမြို့နယ်တွင် ဒေသခံအမျိုးသား(၄)ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း