တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
Pika (NSS) - နိုဝင်ဘာ ၂၅
တရုတ်နိုင်ငံတောင်ပိုင်းတွင် ခန့်မှန်းခြေ ရွှေတန်ချိန်(၁)ထောင်ကျော်ရှိသည့် ကြီးမားသော ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဟူနန် ပြည်နယ် ဘူမိဗေဒဗျူရို၏ ပြောကြားချက်များကို ကိုးကားပြီး ဆင်ဟွာသတင်းအေဂျင်စီက ရေးသား ဖော်ပြခဲ့သည်။ ဘူမိဗေဒပညာရှင်များသည် Pingjiang ကောင်တီ Wang ကရွှေကွက်အောက် မီတာ(၂)ထောင်အနက်တွင် ရွှေကြော(၄၀)ကျော်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာအရသိရ သည်။
ထို့ပြင် မြေအောက်အနက် မီတာ(၃)ထောင်အတွင်းတွင် အမေရိကန်ဒေါ်လာ(၈၃)ဘီလျံ တန်ဖိုးရှိ ခန့်မှန်းခြေရွှေတန်ချိန်(၁)ထောင်ကျော်ကို တူးဖော်ရရှိနိုင်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ ဟူနန်ပြည်နယ် ဘူမိဗေဒ ဗျူရို၏ သတ္တုရိုင်းရှာဖွေရေးကျွမ်းကျင်သူ ချန်းရူလင်က" တူးဖော်ထားတဲ့ ကျောက်တုံးတွေအတော်များများ မှာ ရွှေတွေကို သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။ အနက်မီတာ(၂)ထောင်အတွင်း တူးဖော်တဲ့ သတ္တုရိုင်းတစ်တန်မှာ ရွှေ(၁၃၈)ဂရမ်အထိပါဝင်ပါတယ်" ဟုပြောဆိုခဲ့သည်။ ဘူမိဗေဒပညာရှင်များ သည် သုံးဖက်မြင်ဘူမိဗေဒ ပုံစံထုတ်ခြင်းအပါအဝင် ခေတ်မီသတ္တုရိုင်းများရှာဖွေရေးနည်းပညာများကို အသုံးပြုခဲ့ကြောင်း ဟူနန်ပြည်နယ် ဘူမိဗေဒဗျူရို၏ ဒုအကြီးအကဲ Liu Yongjun က ပြောကြားခဲ့သည်။
ထို့ပြင် Wang က ရွှေကွက်အနီးရှိ ဧရိယာများတွင် လုပ်ဆောင်ခဲ့သော စမ်းသပ်တူးဖော်မှုများ သည်လည်း အလားအလာကောင်းများကို ပြသခဲ့ ကြောင်း Liu Yongjun ကထပ်မံပြောကြားခဲ့သည်။ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ကြီးထွား လာခြင်း၊ အမေရိကန်ဒေါ်လာ အားနည်းလာခြင်းနှင့် ဗဟိုဘဏ်များမှ ဝယ်လိုအား အားကောင်းခြင်းတို့ ကြောင့် ရွှေဈေးနှုန်းများ စံချိန်တင်မြင့်မားလာချိန်တွင် အဆိုပါရွှေသိုက်တွေ့ရှိမှုထွက်ပေါ်လာခြင်းဖြစ်သည်။ကမ္ဘာ့ရွှေကောင်စီ၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်းရွှေထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး (၂၀၂၃)ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရွှေထွက်ရှိမှုသည် ကမ္ဘာလုံးဆိုင်ရာရွှေထွက်ရှိမှု၏(၁၀)ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ