Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၅ 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ပြင်သစ်အစိုးရဟာ ယူကရိန်းကို ပြင်သစ်နိုင်ငံထုတ် တာဝေးပစ်လက်နက်တွေအသုံးပြုပြီး ရုရှားနိုင်ငံပိုင်နက်အတွင်းပိုင်းကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။ 

ယူကရိန်းဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ခွင့်ပြုချက်ကို ရရှိခဲ့ပြီးနောက် ရုရှားပိုင်နက်အဖြစ် နိုင်ငံတကာက အသိမှတ်ပြုထားတဲ့ ပိုင်နက်တွေကို အမေရိကန်ထုတ် တာဝေးပစ်ဒုံးကျည်၊ ဗြိတိန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပစ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံကလည်း ယူကရိန်းကို ထပ်မံခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘာရော့ကပြင်သစ်အစိုးရဟာ ယူကရိန်းကို ရုရှားပိုင်နက်အဖြစ် နိုင်ငံတကာက အသိမှတ်ပြုထားတဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်တယ်လို့ပြောပါတယ်။ 

ပြင်သစ်အစိုးရဟာ ယူကရိန်းကို SCALP-EG  အမျိုးအစားခရုဇ် ဒုံးကျည်တွေ ထောက်ပံ့ပေးထားပြီး အဲဒီဒုံးကျည်တွေဟာ အကွာအဝေး မိုင်ပေါင်း(၃၉၀)ကို ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိကာ စစ်လေယာဉ်တွေအပေါ်ကနေ ပစ်ခတ်လို့ရတဲ့ ဒုံးကျည်ဖြစ်ပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်က ၎င်းတို့ဟာ ယူကရိန်းကို SCALP-EG အသုံးပြုဖို့ခွင့်ပြုပေးဖို့ စဉ်းစားမယ်လို့ ပြီးခဲ့တဲ့မေလအတွင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လူသိရှင်ကြားထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပြီး ရုရှားပိုင်နက်တွေကို ပြင်သစ်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

ရုရှားဟာ ယူကရိန်းနိုင်ငံက ဗြိတိန် နဲ့ အမေရိကန်ထုတ် ဒုံးကျည်တွေ နဲ့ ပစ်ခတ်မှုကို လက်တုံ့ပြန်မှုအဖြစ် အသံထက်မြန်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်လက်တုံ့ပြန်ခဲ့ဖူးပါတယ်။ရုရှားသမ္မတပူတင်က အမေရိကန် နဲ့ နေတိုးမဟာမိတ်အဖွဲ့ဟာ စစ်ပွဲကို အရှိန်ပိုမိုမြင့်လာလာအောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ ယူကရိန်းက အနောက် အုပ်စုနိုင်ငံတွေရဲ့ လက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ခြင်းကို ရုရှားက လက်တုံ့ပြန်သွားမှာဖြစ်ပြီး တုံ့ပြန်ဖို့လည်း အမြဲတမ်းအဆင့်သင့်ရှိတယ်လို့ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၃)နှစ်နီးပါးရှိလာခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဖြစ်ပွားနေရာ ထိခိုက်ပျက်စီးမှုတွေများပြားနေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော

RECENT POSTS
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved