ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
Pika (NSS) - နိုဝင်ဘာ ၂၅
ယူကရိန်းနိုင်ငံဟာ အဖိုးတန်တဲ့ သဘာဝအရင်းအမြစ်တွေနဲ့ ပြည့်နှက်နေပြီး တူးဖော်ရေးပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ဆန္ဒရှိနေတာကြောင့် အမေရိကန်အတွက် အလွန်အသုံးဝင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းပဋိပက္ခဟာ နောက်ဆုံးမှာ ပိုက်ဆံကိစ္စတစ်ခုတည်းအတွက်သာဖြစ်တယ်လို့ လင်ဆေးဂရေဟမ်က ပြောကြားခဲ့ပါတယ်။ ၎င်းက "ဥရောပတိုက်က နိုင်ငံတွေအားလုံးထဲမှာ ရှားပါးမြေတွင်းထွက်သတ္တုအချမ်းသာဆုံးနိုင်ငံဟာ ယူကရိန်းနိုင်ငံပဲ ဖြစ်ပါတယ်။ ယူကရိန်းမှာရှိတဲ့ ရှား ပါးသတ္တုတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ(၂)ထရီလျံကနေ (၇)ထရီလျံကြားရှိပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ရှားပါးမြေတွင်းထွက်သတ္တုတွေတူးဖော်မှုပိုင်းနဲ့ပတ်သက်ပြီး ယူကရိန်းဟာ ရုရှားနဲ့မဟုတ်ဘဲ အမေရိကန်နဲ့သဘောတူညီချက်တစ်ခုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ လင်ဆေးဂရေဟမ်က ပြောကြားခဲ့ပါတယ်။ ၎င်းက"အဲဒါကြောင့် ရုရှားက အဲဒီနေရာကိုယူမသွားဖို့အတွက် သေချာအောင်လုပ် ဆောင်ဖို့က ကျွန်တော်တို့ရဲ့ အကျိုးစီးပွားပါပဲ။ ယူကရိန်းနဲ့ စီးပွားရေးဆက်ဆံမှုတွေလုပ်ဆောင်ပြီး ပိုက်ဆံတွေရအောင် ကျွန်တော်တို့လုပ်နိုင်ပါတယ်။ ဒါက ငြိမ်းချမ်းမှုနဲ့အတူ ကျွန်တော်တို့အတွက် အရမ်းအကျိုးရှိမှာပါ။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီရှားပါးမြေတွင်းထွက်သတ္တုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်လုပ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို ပြုလုပ်တော့မှာပါ။ ဒါက ယူကရိန်းနဲ့ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ အဲဒီသဘောတူညီချက်ကို အဆုံးသတ်မှုနဲ့အတူ ယူကရိန်းပဋိပက္ခကို ပြေလည်အောင်လုပ်ဆောင်ဖို့ ကူညီသွားမှာဖြစ်တယ်လို့ လင်ဆေးဂရေဟမ်က ထပ်မံပြောကြားခဲ့ပါတယ်။ လင်ဆေးဂရေဟမ်က "စစ်ပွဲတွေကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာကို ဒေါ်နယ်ထရမ့်ကသိပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ စစ်ပွဲတွေကိုစတင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာပဲ သိတာပါ"လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း