နွားထိုးကြီးမြို့နယ်တွင် ဒေသခံအမျိုးသား(၄)ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - အောက်တိုဘာ ၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဒေသခံအမျိုးသား(၄)ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂ ရက်၊ မွန်းလွဲ ၁နာရီအချိန်တွင် နွားထိုးကြီးမြို့ နယ်၊ ဆူးရစ်ကုန်းကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးရွှေကျီး(၅၀)နှစ်၊ ဦးမောင်တင်(၆၇)နှစ်၊ ဦးတင်ရွှေ (၅၈)နှစ်နှင့် ဦးကျော်မျိုးအောင်(၃၄)နှစ်တို့သည် ၎င်းတို့နေအိမ်၌ အသီးသီးရှိနေစဉ် PDF အဖွဲ့အင်အား (၂၀)ဦးခန့်က ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ ၎င်းတို့(၄)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားကြပြီး ဦးရွှေကျီးနေအိမ်ခြံဝန်းအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ၎င်းတို့(၄)ဦးတွင် ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း