အရှေ့တောင်အာရှတစ်ဝှမ်းတွင် အင်တာနက်အမြန်နှုန်းနှင့်ပတ်သက်သည့် တွက်ချက်မှုများမှာ တရားမျှတမှုမရှိကြောင်း အင်ဒိုနီးရှားအစိုးရ ပြော
Pika (NSS) - အောက်တိုဘာ ၃
အရှေ့တောင်အာရှတစ်ဝှမ်းတွင် အင်တာနက်အမြန်နှုန်းနှင့်ပတ်သက်ပြီး တွက်ချက်မှုများမှာ တရားမျှတမှုမရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဝေဖန်ခဲ့သည်။
အရှေ့တောင်အာရှရှိနိုင်ငံများကြားတွင် အင်တာနက်အမြန်နှုန်းနှင့်ပတ်သက်ပြီး နှိုင်းယှဉ်သောအချက်မှာ မညီမျှကြောင်း SDPPI ၏ အရင်းအမြစ်စီမံခန့်ခွဲမှုဒါရိုက်တာ Denny Setiawan ကပြောကြားခဲ့သည်။
၎င်းက "အင်တာနက်အမြန်နှုန်းစမ်းသပ်မှုအတွက် တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တိုင်ကြားသွားမှာ ပါ" ဟု ပြောခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် လူဦးရေသည် အခြားအရှေ့တောင်အာရှနိုင်ငံ များထက် ပိုမိုများပြားသောကြောင့် အင်တာနက်အမြန်နှုန်းနှင့်ပတ်သက်ပြီး တွက်ချက်မှုများမှာ တရားမျှတမှုမရှိ ကြောင်း Denny Setiawan က ပြောခဲ့သည်။
Ookla ဝက်ဘ်ဆိုက်မှ တွက်ချက်ထားသော အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် အင်တာနက်အမြန်ဆုံး ရှိသည့် နိုင်ငံများစာရင်းတွင် အောက်ဆုံးအဆင့် သုံးနေရာမြောက်တွင်ရှိနေပြီး ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံတို့က ၎င်း၏ အောက်တွင်ရှိနေကြောင်းလည်း သိရသည်။ အင်တာနက်အမြန်နှုန်း ၂၄ ဒသမ ၂၁ Mbps ရှိသော အင်ဒိုနီးရှားနိုင်ငံသည် ၂၃ ဒသမ ၇၄ Mbps ရှိသော ကမ္ဘောဒီးယားနှင့် ၂၃ ဒသမ ၃၁ Mbpsရှိသော မြန်မာနိုင်ငံ တို့ထက် ပိုမိုသာလွန်ကြောင်း Ookla က ၂ဝ၂၃ ခုနှစ် ဇူလိုင်လတွင်ဖော်ပြခဲ့သော အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းရွှေဈေး နှင့် ငွေလဲနှုန်းများ တည်ငြိမ်နေပြီး စက်သုံးဆီဈေးပါ ကျဆင်းလာ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ