အသံထက်မြန်သောဒုံးကျည်များ ထုတ်လုပ်မှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံပိုင်ကာကွယ်ရေးကုမ္ပဏီတစ်ခုပြော
Pika (NSS) - စက်တင်ဘာ ၂ဝ
ရုရှားနိုင်ငံပိုင် Rostec ကုမ္ပဏီသည် အသံထက်မြန်သော Kinzhal အမျိုးအစား ဒုံးကျည်များ ထုတ်လုပ်မှုကို ပိုမို အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးလုပ်ငန်းစု၏ စက်မှုဒါရိုက်တာ Bekhan Ozdoev က ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် အခြားစစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက် ပမာဏများမှာလည်း သိသိသာသာတိုးလာကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ခဲယမ်းမီးကျည်များနှင့်ပတ်သက်သည့်ကိန်းဂဏန်းများသည် ဆယ်ဆအထိ မြင့်တက်လာခဲ့ကြောင်း Bekhan Ozdoev ၏ ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းအေဂျင်စီက စက်တင်ဘာလ(၁၉)ရက်တွင် ဖော်ပြခဲ့သည်။
ထို့အပြင် Kinzhal၊Iskander နှင့် Pantsir ဒုံးကျည်စနစ်များအတွက် ဒုံးကျည်များ၊ ဝေဟင်မှ ကြဲနိုင်သော ဗုံးများ၊ အမြောက်များ နှင့် တင့်ကားများ ထုတ်လုပ်မှုကိုလည်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေကြောင်း ၎င်းက မှတ်ချက်ပြုပြောခဲ့သည်။
Bekhan Ozdoev ၏ အဆိုအရ ရုရှားကာကွယ်ရေးကုမ္ပဏီများသည် တင့်ကားများ၊ သံချပ်ကာယာဉ်များ နှင့် ဒုံးကျည်စနစ်များစွာကို ပိုမိုထုတ်လုပ်လာကြကြောင်း သိရသည်။ ရုရှားကာကွယ်ရေးကုမ္ပဏီများသည် အမြောက် ကျည်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိပြီး စစ်ဘက်သုံးဒရုန်းများ ထုတ်လုပ်မှုများကို ပိုမိုမြှင့်တင်ရန် အစီအစဉ်များရှိကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
ရုရှားစစ်တပ်သည် ၂ဝ၁၇ ခုနှစ်ကတည်းက အသံထက်မြန်သော Kinzhal အမျိုးအစား ဒုံးကျည်များကို စတင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဒုံးကျည်သည် တစ်နာရီလျှင် ကီလိုမီတာ(၁၄၈ဝဝ) အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး လေကြောင်းရန် ကာကွယ်ရေးစနစ်များအားလုံးကို ကျော်ဖြတ်နိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် ရုရှားသည် ယူကရိန်းပဋိပက္ခအတွင်း Kinzhal အမျိုးအစား ဒုံးကျည်များကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်ထောက်ပံ့ပေးထားသော ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ရုရှား၏ အသံထက်မြန်သောဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိကြောင်း ယူကရိန်းဖက်က ပြောဆိုထားသည်။ သို့သော်လည်း ပဋိပက္ခအတွင်း ယူကရိန်းဖက်က ကြားဖြတ်ဟန့်တားနိုင်ခဲ့သည့်ဟု သတင်းထုတ်ပြန်ထားသော ဒုံးကျည်အရေအတွက်သည် ရုရှားဖက်က အမှန်တကယ်ပစ်လွှတ်ခဲ့သော ဒုံးကျည်အရေအတွက်ထက် ပိုမို များပြားနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကို ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ကြောင်း ဘီလာရုစ်သံအမတ်ကြီးပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ