အိပ်စက်ချိန်နဲ့ ဆော့ကစားရတဲ့ Pokemon sleep game app ဒေါင်းလုဒ်လုပ်သူများပြားနေ
ရောင်နီ (NSS) - ဩဂုတ် ၂၇
Pokemon Go ဟာ ပြီးခဲ့တဲ့ ကိုရိုနာ မတိုင်ခင်နှစ်တွေက လူတွေကို အိမ်ထဲမှ အိမ်ပြင်ထွက်ဖို့ ဆွဲဆောင်နိုင်ခဲ့ပြီး ဒေါ်လာဘီလျံနဲ့ချီ အမြတ်ငွေရရှိခဲ့ပါတယ်။ အခုအခါမှာတော့ ၎င်းတို့က လူတွေကို အိမ်ပြင်ထွက်စေခြင်းမဟုတ်ဘဲ အိပ်ချိန်ပုံမှန်ဖြစ်စေဖို့ ရည်ရွယ်တဲ့ Pokemon sleep အက်ပ်ကို ဖန်တီးလာခဲ့ပါတယ်။
Pokemon Sleep ဟာ အသုံးပြုသူရဲ့ အိပ်ချိန်များစွာကို ဖမ်းစားမယ့် Pokemon တွေနဲ့ အိပ်စက်ချိန်တွေကို မှတ်တမ်းတင်ပြီး ဆုပေးတဲ့ feature ထည့်သွင်းထားပါတယ်။ ဂျပန်ဂိမ်းစတူဒီယို Select Button မှတီထွင်ပြီး Pokemon ကုမ္ပဏီမှထုတ်တဲ့ Pokemon Sleep ဟာ ဇူလိုင်လ ၁၆ ရက်မှ စတင်ကာ ရက်သတ္တပတ်အတွင်း ဒေါင်းလုဒ်အများဆုံး ဂိမ်းဖြစ်ခဲ့တာကို မိုဘိုင်းဒေတာခွဲခြမ်းစိတ်ဖြာမှု ကုမ္ပဏီ data.ai ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂိမ်းအတွင်း ပစ္စည်းအချို့ အခမဲ့ပေးထားပြီး သောကြာနေ့ (သြဂုတ်လ ၂၅ ရက်) မှာတော့ ဒေါင်းလုဒ်လုပ်သူ(၁၀)သန်းအထိ ရရှိတဲ့ ဂိမ်းဖြစ်လာခဲ့ပါတယ်။
အသုံးပြုသူတွေဟာ ၎င်းတို့ စမတ်ဖုန်းတွေကို ဦးခေါင်းနဲ့ နီးနီးကပ်ကပ်ထား အိပ်ကာ ကစားကြရတာ ဖြစ်ပြီး အိပ်စက်မှုအရည်အသွေးကို ခန့်မှန်းဖို့ ဖုန်းတွေရဲ့ အာရုံခံ ကိရိယာတွေက ဖမ်းမိတဲ့ တုန်ခါမှုတွေကို ခြေရာခံပြီး အနိုင်ရတဲ့ ဂိမ်းဖြစ်ပါတယ်။ အိပ်စက်မှု ကောင်းမွန်လေ၊ ဂိမ်းအကောင်လေးတွေ များများစုနိုင်လေ ဖြစ်ပါတယ်။ ပိုကီမွန်နဲ့ မိတ်ဖွဲ့ဖို့အတွက် အက်ပ်အတွင်း ပစ္စည်းတွေကို ဝယ်ယူခြင်း သို့မဟုတ် ဘောနပ်စ်အိပ်စက်မှုအမှတ်တွေ ပါရှိတဲ့ ပရီမီယံစာရင်းသွင်းမှုရှိပြီး အဲဒါကို အသုံးပြုကာ ဂိမ်းအကောင် စုဆောင်းမှုတွေကို အရှိန်မြှင့်နိုင်ပါတယ်။
"အရင်က မရှိဖူးတဲ့ အိပ်ရာဝင်ချိန်တွေမှာတောင် အိပ်ဖို့ တကယ်ကြိုးစားခဲ့တယ်”လို့ တိုကျိုမြို့ အပြင်ဘက်ရှိ အသက် ၂၃ နှစ်အရွယ်ရှိ Pokémon Sleep ကို လေးပတ်ကျော် အသုံးပြုခဲ့တဲ့ မစ္စတာ တိုမိုကီတိုမာက ပြောကြားခဲ့ပါတယ်။ Pokemon Sleep ဟာ Calm၊ BetterSleep နဲ့ Sleep Cycle လို ကျန်းမာရေးကို ဦးတည်တဲ့ အက်ပ်တွေထဲ တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။ Nintendo၊ Creatures နဲ့ Game Freak ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Pokemon က အဆိုပါ ဂိမ်းကို အစိတ်အပိုင်းတွေ ထည့်သွင်းဖို့ လေးနှစ်ကျော်ကြာအောင် မတူညီတဲ့ ဒီဇိုင်းတွေ စမ်းသုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကစားသူ အိပ်ပျော်နေစဉ် ရလဒ်ကို ဆုံးဖြတ်တဲ့ ဂိမ်းဖြစ်တာကြောင့် သုံးစွဲသူတွေ ပျင်းလာပြီး စိတ်ဝင်စားမှု လျော့နည်းလာနိုင်တယ်လို့ ဂိမ်းကျွမ်းကျင်သူတွေက ဆိုပါတယ်။
Pokemon က ၎င်းရဲ့ နောက်ဆုံးပေါ်ဂိမ်းကို အနာဂတ်မှာ နောက်ထပ်စက်ပစ္စည်းများတွေနဲ့ ချိတ်ဆက်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ကုမ္ပဏီရဲ့ Pokemon Sleep ထုတ်လုပ်သူ ကာနာမီကိုဆုဂီ က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အထည်ချုပ်လုပ်ငန်းရှင်များ နှင့် အလုပ်သမားများအတွက် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အခြေအနေတိုးတက်ကောင်းမွန်စေရေး ဆက်လက်လုပ်ဆောင်မည်ဟု MGMA ကတိပြု
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ