အမေရိကန်နိုင်ငံသားထက်ဝက်ခန့်က AI နည်းပညာကြောင့် အလုပ်လက်မဲ့ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
Pika (NSS) - သြဂုတ် ၂၁
အမေရိကန်နိုင်ငံရှိ အလုပ်သမားအများအပြားသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်နည်းပညာများကြောင့် ၎င်းတို့၏ အလုပ်များဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြကြောင်း အမေရိကန်ဝန်ထမ်းအဖွဲ့ (ASA) ကောက်ယူထားသော Harris Poll စစ်တမ်းကို ကိုးကား၍ Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါအစီရင်ခံစာအရ ဖြေဆိုသူများ၏ (၄၇)ရာခိုင်နှုန်းက လုပ်ငန်းခွင်တွင် စက်ပစ္စည်းများကို ၎င်းတို့၏နေရာ တွင် အလွယ်တကူအစားထိုးနိုင်သည်ဆိုသည့်အချက်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။ (ASA)စီအီးအို Richard Wahlquist က "ဒီနှစ်တွေအတွင်းမှာပဲ AI နည်းပညာနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ သဘောထား တွေက ပြောင်းလဲလာပါတယ်။ AI နည်းပညာဟာ လုပ်ငန်းခွင်မှာအထောက်အကူဖြစ်စေခဲ့တာကို အလုပ်သမား တွေက မြင်ဖူးခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ လုပ်ငန်းခွင်တွေမှာ AI နည်းပညာကို အစားထိုးအသုံးပြုသွားမှာ ကို အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်" ဟု ပြောခဲ့သည်။
စစ်တမ်းများအရ စက်မှုလုပ်သားများသည် ၎င်းတို့၏ အလုပ်အကိုင်များကို နည်းပညာဖြင့် အစားထိုးရန် ဖြစ်နိုင်ချေ အရှိဆုံးအဖြစ် ရှုမြင်ထားကြပြီး ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများမှာ နည်းပညာဖြင့် အစားထိုးရန် ဖြစ်နိုင်ချေ အနည်းဆုံးဟု ယူဆထားကြကြောင်း သိရသည်။ ငယ်ရွယ်သော အလုပ်သမားများ၊ လူမည်းများ နှင့် ဟစ်စပန်းနစ် လူမျိုးများသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကြောင့် အလုပ်အကိုင်ဈေးကွက်တွင် အပြောင်းအလဲများဖြစ်လာ မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ထို့အပြင် Generation Z နှင့် Generation Y တို့၏ (၅၅)ရာခိုင်နှုန်းနီးပါး၏ အလုပ်အကိုင်များကို စက်ပစ္စည်းများဖြင့် အစားထိုးသွားနိုင်ဖွယ်ရှိနေသည်မှာ သေချာကြောင်း ယူဆထားကြသည်။ လူဖြူအမေရိကန်မျာားသည် စက်ပစ္စည်း များ အစားထိုးခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများနည်းပါးနေသော်လည်း အနည်းဆုံးလူဖြူ အမေရိကန်(၄ဝ) ရာခိုင်နှုန်းက ၎င်းတို့တွင် စက်ပစ္စည်းများ အစားထိုးနိုင်ချေနှင့်ပတ်သက်ပြီး စိုးရိမ်ကြောက်ရွံ့မှုများရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ စစ်တမ်းများအရ ဖြေဆိုသူများ၏ (၇၄)ရာခိုင်နှုန်းဝန်းကျင်သည် စက်ပစ္စည်းများ အစားထိုးမှုကြောင့် အလုပ်လက်မဲ့များတိုးလာနိုင်ချေနှင့်ပတ်သက်ပြီး သဘောတူညီခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်ကြောင်း ရုရှားသမ္မတဟောင်း ပြော
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ