Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောမီးသတင်းမျှဝေခြင်းအပေါ် တားဆီးနေခြင်းကို ရုတ်သိမ်းရန် Facebook အား ကနေဒါနိုင်ငံ တောင်းဆို

Htay Oung (NSS) - ဩဂုတ် ၁၉ 

နိုင်ငံ့အနောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးများအကြောင်း မျှဝေသတင်းများကို Facebook က ဖြုတ်ချနေခြင်းဟာ မဆင်မခြင်လုပ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းသတင်းများအပေါ် တားဆီးနေခြင်းမှ ရုပ်သိမ်းပေးဖို့အတွက် Meta (META.O) “မက်တာကုမ္ပဏီ"ထံ ကနေဒါအစိုးရက သောကြာနေ့မှာ တောင်းဆိုလိုက်တယ်လို့ Reuters က ယမန်နေ့(ဩဂုတ်လ ၁၈ ရက်)မှာ ရေးသားပါတယ်။


အင်တာနက် မဟာကုမ္ပဏီကြီးများအနေနဲ့ သူတို့ရဲ့ ပလပ်ဖောင်းများမှာ ဖော်ပြတဲ့ သတင်းဆောင်းပါးများနဲ့ပတ်သက်ပြီး ဒဏ်ငွေအရိုက်ခံရနိုင်တဲ့ ဥပဒေသစ်ကို ကနေဒါအစိုးရက ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒါကို လက်တုံ့ပြန်တဲ့ ကနေဒါရှိ Facebook နဲ့ Instagram မှ သတင်းများကို ယခုလမှာ မက်တာက စတင်ပိတ်ဆို့နေပါတယ်။

ဝေးလံခေါင်သီတဲ့ မြောက်ပိုင်း “ရဲလိုးနိုက်ဖ်" ဒေသ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်တဲ့ အရေးကြီး အချက် အလက်သတင်းများကို “ရှယ်"လို့ မရအောင် တားဆီးနေတယ်လို့ တောမီးကြောင့် ထွက်ပြေးလာသူအချို့က ပြည်တွင်းမီဒီယာများကို တိုင်တန်းခဲ့ကြပါတယ်။ 

သတင်းအချက်အလက်တွေကို ပိတ်ပင်နေတဲ့ မက်တာရဲ့ မဆင်မခြင် လုပ်ရပ်ကြောင့် Facebook နဲ့ Instagram မှာ အရေးကြီးတဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုလို့ မရတော့ပဲဖြစ်ကုန်ကြောင်း၊ အဲဒီလို သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကနေဒါနိုင်ငံသားတွေ ဘေးကင်းရေးအတွက် သတင်းမျှဝေမှုကို ပြန်လည်အသက်သွင်းပေးဖို့ တောင်းဆိုထားကြောင်း သမိုင်းအမွေအနှစ်ဆိုင်ရာ၀န်ကြီးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။ 

ကနေဒါ သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း မက်တာရဲ့ တားဆီးပိတ်ပင်မှုတွေဟာ လူအများအတွက် အရေးကြီး သတင်းအချက်အလတ်များကို သိရှိခွင့် မရတော့ပဲ ဖြစ်ကုန်တယ်လို့ စောစောပိုင်းကတည်းက ပြောခဲ့ပြီးပါပြီ။

သတင်းတွေကို တားဆီးပိတ်ဆို့နေတဲ့ မက်တာရဲ့ လုပ်ရပ်တွေဟာ ထင်ရာစိုင်းပြီး တာဝန်မဲ့ခြင်းသက်သက်ဖြစ်တယ်လို့ အာဏာရ လစ်ဘရယ်ပါတီ ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးက ကြာသပ တေးနေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

လူအတော်များများဟာ မိုးလေ၀သ သတင်းပါ လင့်ခ်များကို ရှယ်လို့ မရတော့တဲ့အတွက် သတင်းကို “SS “ ဓါတ်ပုံရိုက်ပြီး ပြန်လည်မျှဝေနေကြရတယ်လို့ ရဲလိုးနိုက်ဖ်ဒေသ “ကက်ဘင်ရေဒီယို" ဒစ်ဂျစ်တယ်ရုပ်သံဋ္ဌာနမှ “မိုးလေ၀သနဲ့ အားကစား သတင်း"စီစဉ်တင်ဆက်သူ အိုလီဝီလီယံက နိုင်ငံတစ်စိတ်တစ်ပိုင်းပိုင် “ကနေဒီယန်ရုပ်သံကော်ပိုရေးရှင်း"ကို ပြောပါတယ်။

ဒါပေမယ့် ဒီလို ပြောဆိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကုမ္ပဏီကြီးက တုံ့ပြန်ရာမှာ သူတို့ရဲ့ တားဆီးပိတ်ပင်မှုဟာ သဘာဝဘေးအန္တရာယ် သို့မဟုတ် အကျပ်အတည်း တစ်ခုအတွင်း သုံးစွဲသူများအတွက် ဘေးကင်းကြောင်း ပျံ့နှံ့စေမယ့် "Safety Check" လုံခြုံရေးစစ်ဆေးမှု အစီအစဉ်ကို Facebook မှာ စတင်အသုံးပြုခဲ့ကြောင်း မက်တာပြောရေးဆိုခွင့်ရှိသူက အီးမေးလ်နဲ့ အကြောင်းပြန်ကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံသားများအနေနဲ့ တရားဝင် အစိုးရအေဂျင်စီများ၊ အရေးပေါ်ဝန်ဆောင်မှုများနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ လွှင့်တင်နေတဲ့ အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုရန် Facebook နဲ့ Instagram ကို အသုံးပြုနိုင်ကြောင်း၊ သုံးစွဲသူများက ဘယ်လိုသတင်းမျိုးတွေ ရှယ်ထားကြတယ်ဆိုတာ သူတို့ရဲ့ ပလက်ဖောင်းအတွင်း ၀င်မကြည့်ကြပဲ ပလက်ဖောင်းပေါ်မှာ မျှဝေထားတဲ့ အကြောင်းအရာများအတွက် ကုမ္ပဏီကို ဒဏ်ငွေရိုက်မယ်လို့ အတင်းအကျပ် ဆောင်ရွက်လာခြင်းဟာ သူတို့လုပ်ငန်းအတွက် လက်ခံဖွယ် မရှိနိုင်ကြောင်း မက်တာပြောရေး ဆိုခွင့်ရှိက ဖော်ပြထားပါတယ်။

(Reuters.,18 August 2023,” Canada demands Meta lift news ban to allow wildfire info sharing” ကို #HtayOung , #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ဂျာ အာဏာသိမ်းမှုနှင့် အနောက်အာဖရိက မဟာဗျူဟာ အရွှေ့အပြောင်း (၁)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved