ကမ္ဘာကျော်ဘီလျံနာတွေဖြစ်တဲ့ အီလွန်မတ် နဲ့ ဇူကာဘတ်ကြား ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာပြီး အပြန်အလှန်ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဩဂုတ် ၁၄
ကမ္ဘာကျော်ဘီလျံနာတွေဖြစ်တဲ့ အီလွန်မတ်နဲ့ဇူကာဘတ်တို့ နှစ်ဦးကြား တင်းမာမှုတွေဟာ ပိုမိုမြင့်တက်လာနေကြောင်းသိရပါတယ်။
တွစ်တာလူမူကွန်ရက်ရဲ့ပိုင်ရှင်ဖြစ်တဲ့ အီလွန်မတ်ဟာ ကမ္ဘာကျော် Facebook လူမှုကွန်ရက်တည်ထောင်သူ ဇူကာဘတ်ကို ကြက်ပေါက်လေးတစ်ကောင်သာဖြစ်တယ်လို့ဝေဖန်ပြောဆိုလိုက်ပြီးနောက် နှစ်ဦးကြားတင်းမာမှုတွေ ပိုမိုမြင့်တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဇူကာဘတ်ဟာ အီလွန်မတ် စိန်ခေါ်ထားတဲ့ cage match ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်ဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် အီလွန်မတ်က ဝေဖန်ပြစ်တင်လိုက်တာဖြစ်ပါတယ်။ ဇူကာဘတ်က အီလွန်မတ်ဟာ တိုက်ခိုက်ရေးပွဲစဉ်နဲ့ပတ်သက်ပြီး အလွန်အမင်း ယုံကြည်မှုပြင်းထန်သူတစ်ဦးမဟုတ်ကြောင်း၊အီလွန်မတ်အနေနဲ့ အမှန်တကယ်အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ MMA fight ပွဲစဉ်မျိုး ဒါမှမဟုတ် ရေကုန်ရေခမ်းထိုးသတ်ရတဲ့ပွဲစဉ်မျိုးထိုးသတ်ဖို့ စိန်ခေါ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဇူကာဘတ်က " အီလွန်မတ်ဟာ တိုက်ခိုက်ရေးပွဲစဉ်နဲ့ပတ်သက်ပြီး အမှန်တကယ် လက်တွေ့ယုံကြည်သူမဟုတ်ဘူး။ တိုက်ခိုက်ဖို့ ကမ်းလှမ်းထားပေမယ့် လက်ရှိအချိန်အထိ ရက်အတိအကျမပြောနိုင်သေးဘူး၊ ကျွန်တော့်ကို ရက်အတိအကျ ပြောပေးပါ၊ အီလွန်မတ်ဟာ ထိုးသတ်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အတွက်အမှန်တကယ် ရက်သတ်မှတ်ပြီးရင်ပွဲစီစဉ်ပါ၊ အဲဒီအချိန်မှာ ကျွန်တော်ဟာ သူနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကိုလာ မလာဆိုတာ သိသွားရမှာပါ" လို့ပြောပါတယ်။
အီလွန်မတ်ဟာတိုက်ခိုက်ရေးပွဲစဉ်တွေကို အမှန်တကယ်ယှဉ်ပြိုင်ထိုးသတ်လိုတဲ့ဆန္ဒရှိတယ်ဆိုရင် လက်ရှိအချိန်မှာ ပွဲအတွက်လေ့ကျင့်နေရမှာဖြစ်ကြောင်း၊ ယှဉ်ပြိုင်ထိုးသတ်ဖို့ စိတ်ပိုင်းဖြတ်ပြီး ကြိုးပမ်းနေရတော့မှာဖြစ်ကြောင်း ဇူကာဘတ်က ထပ်မံပြောဆိုခဲ့ပါတယ်။ အီလွန်မတ် နဲ့ ဇူကာဘတ်တို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေထဲမှာပါဝင်နေပြီး ကမ္ဘာကျော် လူမှုကွန်ရက်တွေကိုပိုင်ဆိုင်ထားရာ နှစ်ဦးကြား ပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိမိုးတွင်းကာလတွင် အုတ်ဈေးနှုန်းမြင့်တက်နေပြီး လက်ကျန်အုတ်ရှားပါးနေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ