မာရဝိဇယရုပ်ပွားတော် အနေကဇာတင်ပွဲသို့ ကြွရောက်ရန် ရုရှားအပါအဝင် (၉)နိုင်ငံမှ ဆရာတော်များ ရန်ကုန်သို့ ရောက်ရှိ၊ မနက်ဖြန် နေပြည်တော်သို့ ပင့်ဆောင်မည်
မျိုးကြီး (NSS) - ဇူလိုင် ၃ဝ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲသို့ ကြွရောက်ရန် ရုရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံမှ ဆရာတော်များသည် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားကို လာမည့် သြဂုတ်လ ၁ ရက်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ရင်ပြင်တော်၌ ကျင်းပသွားမည်ဖြစ်သည်။
၎င်းအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင် ဆရာတော်ကြီးများ၊ သံဃာ့နာယကများ၊ တိပိဋကဓရဆရာတော်များအပါအဝင် ကမ္ဘောဒီယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ရုရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ တရုတ်နိုင်ငံတို့မှ ဆရာတော်သံဃာတော် စုစုပေါင်း (၉ဝဝ) ပင့်ဖိတ်ထားကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အနေကဇာတင်အခမ်းအနားသို့ ရုရှားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံမှ ဆရာ တော်သံဃာတော် (၇ဝ)ခန့် ပင့်ဖိတ်ထားကြောင်း သိရသည်။
ထိုသို့ပင့်ဖိတ်ထားမှုအရ နိုင်ငံတကာမှ ဆရာတော်သံဃာတော်များသည် ပြီးခဲ့ရက်ပိုင်းနှင့် ယနေ့ (ဇူလိုင် ၃ဝ ရက်)တို့တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လုံခြုံရေးအရာရှိတစ်ဦးက NP News ကို ပြောသည်။
“နိုင်ငံခြားက သံဃာတော်တွေ အကုန်လုံးနီးပါး ရောက်နေပြီ။ မနက်ဖြန်ကျရင် တစ်နိုင်ငံလုံးက ဆရာတော်တွေရော၊ နိုင်ငံခြားက နီပေါ၊ အိန္ဒိယ၊ လာအို၊ ထိုင်းတို့က ဆရာတော်တွေရော အကုန်လုံးက ရန်ကုန်ကနေ နေပြည်တော်ကို ပင့်ဆောင် သွားမယ်” ဟု အထက်ပါအရာရှိက ပြောသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် နိုင်ငံတကာမှ ဆရာတော်သံဃာတော်များသည်လည်း ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရက သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
မနက်ဖြန်(ဇူလိုင် ၃၁ ရက်) တွင် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ အနေကဇာတင်အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် ဆရာတော်သံဃာတော်များကို လေယာဉ်များဖြင့် နေပြည်တော်သို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“လေယာဉ်တွေနဲ့ တစ်နေ့ကုန်နီးပါး ပင့်ဆောင်သွားမယ်။ လားရှိုး၊ လွိုင်ကော်၊ ကျိုင်းတုံ၊ တာချီလိတ် ဘက်က ဆရာတော်တွေကိုလည်း နေပြည်တော်ကို လေယာဉ်နဲ့ ပင့်ဆောင်သွားမယ်။ ပင့်ဖိတ်ထားတဲ့ တစ်နိုင်ငံလုံးက ဆရာတော်တွေနဲ့ နိုင်ငံခြားက ဆရာတော်အကုန်လုံးပေါ့ လေယာဉ်နဲ့ ပင့်သွားမယ်” ဟု ရန်ကုန်လေဆိပ်မှ လုံခြုံရေးအရာရှိက ပြောသည်။
လာမည့် သြဂုတ် ၁ ရက်တွင် နေပြည်တော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို နိုင်ငံတော်အဆင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်စကိုမြို့ကို တိုက်ခိုက်ဖို့ ပျံသန်းလာတဲ့ ဒရုန်းသုံးစင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း