ပြည်တွင်း၊ ပြည်ပမှ အလှူရှင်(၂၇၄)ဦးမှ မာရဝိဇယရုပ်ပွားတော်ကြီးအတွက် အလှူငွေကျပ်(၅)ဘီလျံကျော် နှင့် နိုင်ငံခြားငွေများ လှူဒါန်း
ယွန်း (NSS) - ဇူလိုင် ၃ဝ
ပြည်တွင်း၊ ပြည်ပမှအလှူရှင် (၂၇၄)ဦးမှ မာရဝိဇယရုပ်ပွားတော်ကြီးနှင့် ဗုဒ္ဓဥယျာဥ်တည်ဆောက်မှုအတွက် အလှူငွေကျပ်(၅)ဘီလျံကျော် အပါအဝင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများလှူဒါန်းခဲ့ကြောင်း နစကမှ သိရသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ(၂၉)ရက်တွင် ရုပ်ပွားတော်ကြီး၏ ပရဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်တွင် မာရဝိဇယရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်မှုအခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်(၂၇၄)ဦးမှ အလှူငွေ(၅ ဒသမ ဝ၄) ဘီလျံ (ငွေကျပ်သန်း ၅ဝဝဝ ကျော်)၊ အမေရိကန် ဒေါ်လာ(၂၃ဝဝဝ)နှင့် ထိုင်းဘတ်ငွေတစ်သိန်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင်ရုပ်ပွားတော်ကြီး တည်ဆောက်မှုမှာ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို လာမည့် သြဂုတ်လ(၁)ရက် (ဒုတိယဝါဆိုလပြည့်) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ပွားတော်ကြီးအား လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများကို သြဂုတ်လ(၁၆)ရက်အထိ မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ ဝင်ရောက် ဖူးမြော်ကြည်ညိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်(၂၃)ရက်ကလည်း စေတနာရှင်အလှူရှင် (၃၇၇)ဦးမှ လှူဒါန်းငွေ (၁၇ ဒသမ ၄၁၅) ဘီလျံ (ငွေကျပ် ၁၇၄၁၅ သန်း) ကို လှူဒါန်းခဲ့သည်။
အလားတူ ပြီးခဲ့သည့်ဇွန်လက ကျင်းပခဲ့သည့် အခမ်းအနားတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အလှူရှင် (၁ဝ၁)ဦးက အလှူငွေ စုစုပေါင်း (၁၅ ဒသမ ၁၇၇) ဘီလျံကို လှူဒါန်းထားခဲ့သည်။
မာရဝိဇယရုပ်ပွားတော်ကြီးသည် နောင်နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မာနေမည်ဖြစ်ပြီး နောင်လာနောက်သားများ အဆက်ဆက်အထိ တည်ရှိနေမည်ကို ယုံကြည်ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ အဆင့်သင့်ရှိနေကြောင်း ရုရှားသမ္မတပူတင် ပြော
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း