အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ အဆင့်သင့်ရှိနေကြောင်း ရုရှားသမ္မတပူတင် ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၃ဝ
ရုရှားနိုင်ငံအနေနဲ့ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စု နဲ့ ပဋိပက္ခဖြစ်ဖို့ မလိုလားပေမယ့် ထိပ်တိုက်တွေ့ဆုံရမယ် ဆိုရင်လည်း အဆင်သင့်ရှိနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သမ္မတပူတင်က" ကျွန်တော်တို့ဟာ ဘယ်အခြေနေမျိုးမဆို ရင်ဆိုင်ဖို့အဆင့်သင့်ရှိနေတယ်။ ပဋိပက္ခဖြစ်တာကို ဘယ်သူမှ မလိုလားဘူး။ ပဋိပက္ခဖြစ်မှုကိုတားဆီးနိုင်ဖို့ ရုရှားနဲ့ အမေရိကန်အစိုးရတာဝန်ရှိသူများကြား တွေ့ဆုံ ဆွေးနွေးရမှာဖြစ်တယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးဖို့ မလိုလားဘဲ ထိပ်တိုက်တွေ့ဆုံဖို့ လိုလားနေမယ်ဆိုရင်လည်း အဆင်သင့်ရှိနေတယ်" လို့ ပြောပါတယ်။
၂ဝ၂၃ ခုနှစ် နှစ်စပိုင်းတည်းက ရုရှားတိုက်လေယာဉ်တွေ နဲ့ နေတိုးအုပ်စုတိုက်လေယာဉ်များကြား အန္တရာယ်ဖြစ် စေနိုင်တဲ့အဖြစ်အပျက်မျိုး ၂၃ ခုဖြစ်ပွားခဲ့ကြောင်း ရုရှားလေတပ်အကြီးအကဲဗိုလ်ချုပ်ကြီး ဂူရီနောဗ့်က ပြောပါ တယ်။
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းပဋိပက္ခဖြစ်ပွားနေချိန်မှာ ရုရှားနဲ့နေတိုးအုပ်စုကြား ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ တိုက်ရိုက်ပဋိပက္ခများနဲ့ပတ်သက်ပြီး သတိပေးပြောဆိုထားကြောင်း သိရပါတယ်။ အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးနေခြင်းဟာ ရုရှားအပေါ်ရန်လိုမှုတွေ တိုးမြှင့်နေတာမျိုးဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုနက်ရှိုင်းလာဖွယ်ရှိနေတယ်လို့ ရုရှားအစိုးရ သတိပေးထားပါတယ်။
ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့အကူအညီနဲ့ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှု တွေ လုပ်ဆောင်ခဲ့ပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရဘဲ ကြီးမားတဲ့ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး ဘတ်ထရီအိုးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ