ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး ဘတ်ထရီအိုးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွား
စော (NSS) - ဇူလိုင် ၃ဝ
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး ဘတ်ထရီအိုးပေါက်ကွဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင် ၃ဝ ရက်) နံနက် (၈)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၂၄/၇) နှင့် (၂၅)ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်းမှ သိရသည်။
၎င်းယာဉ်သည် ရန်ကုန်မှ နေပြည်တော်သို့သွားနေစဉ် ဘတ်ထရီအိုးပေါက်ကွဲပြီး မီးစလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘတ်ထရီအိုးက အပူလွန်ကဲပြီး အိုးက ပေါက်သွားတာပါ။ ပေါက်ပြီးတော့ မီးစလောင်တာပါ။ မိနစ်နှစ်ဆယ် လောက်ငြိမ်းလိုက်ရပါတယ်။ ကားပေါ်ကလူတွေကတော့ ထိခိုက်ဒဏ်ရာမရရှိပါဘူး” ဟု ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်သည် TOYOTA CAMRY အမျိုးအစားဖြစ်ပြီး ယာဉ်မောင်း အပါအဝင် အမျိုးသား (၃)ဦး အမျိုးသမီး (၃)ဦး လိုက်ပါကြောင်း သိရသည်။
ကားမီးလောင်မှုအား ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မိနစ်(၂ဝ)ကြာ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျေးရွာအတွင်းသို့ PDF အဖွဲ့က Drone ဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် (၁၃)နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးမှု ပေါက်မြို့နယ်၌ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း