ကျေးရွာအတွင်းသို့ PDF အဖွဲ့က Drone ဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် (၁၃)နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးမှု ပေါက်မြို့နယ်၌ဖြစ်ပွား
(NSS) - ဇူလိုင် ၃ဝ
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာအတွင်းသို့ PDF အဖွဲ့က Drone ဖြင့် ဗုံးများ၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။
ဇူလိုင်လ ၂၇ ရက် ည ၇ နာရီ ၁ဝ မိနစ်အချိန်တွင် ပေါက်မြို့နယ်၊ ယာပြင်ကြီး ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အဆိုပါကျောင်းရွာအတွင်းသို့ PDF အဖွဲ့မှ မင်းကောင်းရွာဘက်မှနေ၍ Drone (၄)စီးဖြင့် ဗုံး (၄)လုံးဖြင့် လည်းကောင်း ကျေးရွာ၏ မြောက်ဘက်ရှိ တောင်ကုန်းပေါ်မှနေ၍ လက်လုပ်စိန်ပြောင်း များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်လုပ်စိန်ပြောင်းဗုံးသီးများမှာ ကျေးရွာ၏မြောက်ဘက် အပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း Drone ဖြင့် ပစ်ချခဲ့သော ဗုံး(၄)လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ယာကြီးပြင်ကျေးရွာတွင်နေထိုင်သည့် Grade (7)တွင် ပညာသင်ယူနေသော မောင်စည်သူဖြိုး(၁၃)နှစ်၏ ဦးခေါင်းတွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်းသို့ ရမ်းသန်းပစ်ခက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံကို ကြေးစားတပ်ဖွဲ့ဝင်များ စေလွှတ်ပေးမယ်လို့ ရုရှားကြေးစားအဖွဲ့ခေါင်းဆောင် ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း