အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာနိုင်ငံကို ကြေးစားတပ်ဖွဲ့ဝင်များ စေလွှတ်ပေးမယ်လို့ ရုရှားကြေးစားအဖွဲ့ခေါင်းဆောင် ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၃ဝ
ရုရှားကြေးစားတပ်ဖွဲ့ Wagner အုပ်စုဟာ နိုင်ဂျာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို အားပေးထောက်ခံ လိုက်ပြီး နိုင်ဂျာနိုင်ငံအတွင်းတရားဥပဒေစိုးမိုးမှုများပြန်လည်ဖြစ်စေဖို့ ကြေးစားတပ်ဖွဲ့ဝင်များ စေလွှတ်ပေးသွားမှာဖြစ်ကြောင်း ကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ထုတ်ဖော်ပြောလိုက်ပါတယ်။
Wagner အဖွဲ့ခေါင်းဆောင် က "နိုင်ဂျာပြည်သူတွေဟာ ကိုလိုနီစနစ်နဲ့အတူ ခက်ခဲရုန်းကန်နေရတယ်။ ကိုလိုနီ ပြုကျင့်တဲ့နိုင်ငံတွေဟာ နိုင်ဂျာပြည်သူတွေ ရှင်သန်နေထိုင်မှုခက်ခဲစေဖို့ စည်းကမ်းတွေ၊ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ တယ်။ နိုင်ဂျာပြည်သူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ရာချီက ဥရောပရဲ့ကိုလိုနီနိုင်ငံတွေကလက်အောက်ခံနိုင်ငံတွေကို ပြုကျင့်သလိုမျိုးတွေ့ကြုံနေရတယ်" လို့ ပြောပါတယ်။
ပရီဂိုဇင်က ၎င်းတို့ကြေးစားတပ်ဖွဲ့အနေနဲ့ နိုင်ဂျာမှာဖြစ်ပွားတဲ့ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်ခြင်းမျိုး မရှိ ကြောင်း အဲဒီအာဏာသိမ်းမှုက နိုင်ဂျာနိုင်ငံကို ကိုလိုနီပြုကျင့်ခံရမှုကနေ လွတ်မြောက်စေခဲ့ကြောင်း ပြောပါတယ်။
၎င်းက "အနောက်အုပ်စုနိုင်ငံတွေဟာ နိုင်ဂျာနိုင်ငံကို နှစ်ပေါင်းများစွာကြာ ကိုလိုနီပြုကျင့်ခဲ့တာမျိုးရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ နိုင်ဂျာနိုင်ငံက လွတ်မြောက်သွားတယ်" လို့ ပြောပါတယ်။
နိုင်ဂျာသမ္မတရုံး ကိုယ်ရံတော်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်တိုင်ယာနီ ဦးဆောင်တဲ့စစ်တပ်ဟာ ဇူလိုင် ၂၆ ရက်က သမ္မတ ကိုရာထူးက ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခဲ့သလို အင်စတီကျူးရှင်များကို ဆိုင်းငံ့ခဲ့ကြောင်း သိရပါတယ်။
နိုင်ငံလုံခြုံရေးကို ကာကွယ်ဖို့ နဲ့ နိုင်ငံအခြေtနေများကို ကယ်တင်ဖို့ သမ္မတကို ရာထူးကနေဖြုတ်ချကာ အာဏာသိမ်းရခြင်းမျိုးဖြစ်ကြောင်း စစ်အာဏာသိမ်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ