Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကိုရမ်ကျမ်းကို မီးရှိုရန် ခွင့်ပြုခဲ့သည့်အတွက် အီရတ်က ဆွီဒင်သံအမတ်ကို နှင်ထုတ်

Htay Oung (NSS) - ဇူလိုင် ၂၁

စတော့ဟုမ်းမြို့မှာ ကိုရမ်ကျမ်းကို မီးရှို့ရန် ခွင့်ပြုပေးတဲ့အတွက် ဆွီဒင်သံအမတ်ကို ကြာသပတေး နေ့(ဇူလိုင်လ ၂ဝ ရက်)မှာ အီရတ်က နှင်ထုတ်လိုက်ပါတယ်။ အစ္စလာမ်ဘာသာမှာ အဓိကမဏ္ဍိုင်ကြီးဖြစ်တဲ့ ကျမ်းစာကို မီးရှို့မယ့်ကိစ္စဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ဆွီဒင်သံရုံးကို ရာနဲ့ချီတဲ့ ဆန္ဒပြသူများက ၀င်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးတဲ့အထိ ဖြစ်လာခဲ့ရတယ်လို့ Reuters က ဇူလိုင်လ ၂ဝ ရက်က ရေးသားပါတယ်။ 

ဆွီဒင်နိုင်ငံဆိုင်ရာ အီရတ်သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူခဲ့ပြီး အီရတ်မြေပေါ်မှ ဆွီဒင် Ericsson ကွန်ရက်နဲ့ ဆက်သွယ်ရေးကုမ္ပဏီရဲ့ လုပ်ကိုင်ခွင့်ကို ဆိုင်းငံ့လိုက်ကြောင်း ဘဂ္ဂဒက်ရဲ့ သတင်းထုတ်ပြန်ချက်ကို နိုင်ငံပိုင် သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ 


ပြီးခဲ့တဲ့ ဇွန်လက စတော့ဟုမ်းဗလီအပြင်ဘက်မှာ ဆွီဒင်နိုင်ငံရောက် အီရတ်ရွှေ့ပြောင်းနေထိုင်သူတွေက ကိုရမ်ကျမ်းကို မီးရှို့ဆန္ဒပြခဲ့ပါတယ်။ အဲ့ဒီ အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြသူတွေက ကြာသပတေးနေ့ အီရတ်သံရုံးအပြင်ဘက်မှာ နောက်တစ်ကြိမ် ကိုရမ်ကျမ်းကိုမီးရှို့ဆန္ဒပြဖို့ ဆွီဒင်ရဲတပ်ဖွဲ့ထံ လျှောက်ထားပြီး ခွင့်ပြုချက် ရရှိခဲ့ပါတယ်။ 

ယခင်ဖြစ်စဉ်တုန်းက ဆန္ဒပြသူတွေဟာ ကိုရမ်ကျမ်းလို့ ဆိုကြတဲ့ စာအုပ်တစ်အုပ်ကို တစ်စိတ်တစ်ပိုင်းဖျက်ဆီး ခဲ့ကြပေမယ့် မီးစွဲလောင်တဲ့အထိ မဖြစ်ခဲ့ပဲ တစ်နာရီခန့်အကြာမှာ လူစုခွဲခဲ့ကြပါတယ်။ အစ္စလာမ်ဘာသာရဲ့ အဓိက မဏ္ဍိုင် ဘာသာရေးကျမ်းဖြစ်တဲ့ ကိုရမ်ပါစာသားများဟာ ဘုရားသခင်ထံမှ ချမှတ်ပေးထားခြင်းအဖြစ် မွတ်စလင်တို့က ယုံကြည်ကြပါတယ်။ 

ဘဂ္ဂဒက်သံရုံးမှ ဝန်ထမ်းအားလုံး ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမယ့် အီရတ်အာဏာပိုင်များအနေနဲ့ သံတမန်မစ်ရှင်များအပေါ် အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့တယ်လို့  ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။  

ဆွီဒင်သံရုံး မီးလောင်မှုကို ဘဂ္ဂဒက်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီ ရုံးကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေး ကျိုးပေါက်မှုဖြစ်ပြီး သံတမန်ရေးရာမစ်ရှင်များကို အကာအကွယ် ပေးသွားမယ်လို့ ကတိပြုပါတယ်။ ဒါပေမယ့် ဆွီဒင်မြေပေါ်မှာ ကုရ်အာန်ကျမ်းမြတ်ကို မီးရှို့ခြင်းနဲ့ ဆက်နွယ်တဲ့ ဘယ်လို ထပ်မံဖြစ်ပျက်မှုမျိုးမဆို သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ရန် လိုအပ်မှာဖြစ်ကြောင်း ဘဂ္ဂဒက်က ဆွီဒင်အစိုးရထံ အကြောင်းကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စတော့ဟုမ်းမြို့မှာ ဆန္ဒပြမှုများ စတင်ခဲ့ပေမယ့် စုဝေးလာကြသူတွေဟာ ကိုရမ်ကျမ်းကို မီးရှို့ခြင်း မရှိပဲ လူစုကွဲသွားချိန်မှာ ဆွီဒင်နိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်လည်ခေါ်ယူရန် အီရတ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

သံရုံးအတွင်း ၀င်ရောက်စီးနင်းမှုမှာ လုံးဝ လက်မခံနိုင်စရာ မရှိကြောင်း၊ စတော့ဟုမ်းအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဆွီဒင်နိုင်ငံခြားရေး၀န်ကြီးက ပြောဆိုပါတယ်။ တုန်လှုပ်ချောက်ချားမှုများကို ဖော်ပြဖို့အတွက် အီရတ်အဆင့်မြင့် ကိုယ်စားလှယ်များနဲ့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဋ္ဌာနကတော့ သံရုံးတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး သံရုံး၀င်းအတွင်း ဆန္ဒပြသူတွေ ချိုးဖောက်၀င်ရောက်လာနိုင်ခြင်း မရှိအောင် အီရတ်လုံခြုံရေးတပ်ဖွဲ့များက တားဆီးခြင်း မရှိဘူးလို့ ဝေဖန်ပါတယ်။

ဆွီဒင်နိုင်ငံမှာ ဒုတိယအကြိမ်အဖြစ် ကိုရမ်ကျမ်းကို မီးရှို့မယ့် အစီအစဉ်အပေါ် ကန့်ကွက်ကြရန် အီရတ် ရှီးယိုက်ဘာသာရေးဆရာ မွတ်တား_ဆဒ်ဒါက ကြာသပတေးနေ့မှာ တောင်းဆိုပြီးနောက် သံရုံးတိုက်ခိုက်မှူ ဖြစ်ပေါ်ကြောင်း တွေ့ရှိရပါတယ်။ ဆဒ်ဒါဟာ အီရတ်နိုင်ငံရဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ (သံရုံးများနဲ့ အစိုးရအဆောက်အအုံများတည်ရှိရာ) ဘဂ္ဂဒက် “ ဂရင်းဇုန်“ ကို သိမ်းပိုက်မှုကြောင့် သွေးထက်သံယို ပြင်းထန်ပဋိပက္ခများ ဖြစ်ပွားစဉ်အပါအ၀င် ထောင်ချီအင်အားရှိတဲ့ သူ့နောက်လိုက်များကို လမ်းမပေါ် ထွက်လာကြဖို့ မကြာခဏ အမိန့်ပေးခဲ့ဖူးပါတယ်။  

ဆွီဒင်နိုင်ငံနဲ့ ခြံ၀င်းတစ်ခုတည်းမှာ ရှိနေတဲ့ ဖင်လန်သံရုံးမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပေမယ့် ဝန်ထမ်းများမှာ ဘေးကင်းပြီး ထိခိုက်မှုမရှိခဲ့ကြောင်း ဖင်လန်သတင်းအေဂျင်စီ STT က ဖော်ပြပါတယ်။

“ဘဂ္ဂဒက်မြို့သားတစ်ယောက်" အမည်ရှိ တယ်လီဂရမ်အုပ်စုက လွှင့်တင်ထားတဲ့ ဗီဒီယိုတွဲများအရ ဒေသစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁ နာရီခန့်ကတည်းက ဆွီဒင်သံရုံးတစ်ဝိုက် စုဝေးနေသူများဟာ ဆဒ်ဒါလိုလားတဲ့ ကြွေးကြော်သံများကို အော်ဟစ်ကြရင်း တစ်နာရီခန့်ကြာအောင် သံရုံးအဆောက်အအုံကို ၀င်ရောက် စီးနင်းခဲ့ကြောင်း တွေ့မြင်ရပါတယ်။ အဲ့ဒီနောက် သံရုံးအဆောက်အအုံတစ်ခုမှ မီးခိုးလုံးများ လှိမ့်တက်လာပြီး အဲဒီခေါင်မိုးပေါ်မှာ ဆန္ဒပြသူများက မတ်တပ်နေပုံကိုလည်း တွေ့မြင်ရပါတယ်။

ကြာသပတေးနေ့နံနက် အရုဏ်တက်ချိန်မှာ သံရုံးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားပြီး မီးသတ်သမားများက လွင့်ပျံလာနေတဲ့ မီးပွားများကို ငြှိမ်းသတ်နေစဉ် အဆောက်အအုံမှ မီးခိုးငွေ့များ ထွက်လာခဲ့တယ်လို့ မျက်မြင်သက်သေများက ပြောပြပါတယ်။

နောက်ပိုင်း သံရုံးအပြင်ဘက်တစ်ဝှိုက်မှာ စုပြုံနေကြတဲ့ ကန့်ကွက်ဆန္ဒပြသူများကို ရှင်းလင်းဖို့ ကြိုးစားခဲ့ပါတယ်။ စောစောပိုင်း ဆန္ဒပြသူတွေဟာ  အင်အားအပြည့် စုရုံးနေတဲ့ လုံခြုံရေးတပ်ဖွဲ့များကို ကျောက်ခဲများနဲ့ ခေတ္တမျှ ပစ်ပေါက်ခဲ့ကြပါတယ်။

မကြာသေးမီနှစ်များအတွင်း ဆွီဒင်နိုင်ငံမှာ ကိုရမ်ကျမ်းစာ မီးရှို့ဖျက်ဆီးမှု အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။  အများစုမှာ လက်ယာစွန်းနဲ့ မွတ်စလင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများဖြစ်ပြီး ကျမ်းစာမီးရှို့ တဲ့အတွက် ဆွီဒင်ရဲတပ်ဖွဲ့နဲ့ မွတ်ဆလင်ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရပါတယ်။

မကြာသေးမီက ကျမ်းစာမီးရှို့မှုများကြောင့် မွတ်စလင်ကမ္ဘာမှာ ဒေါသထွက်ခဲ့ရပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ပြစ်တင်ရှုတ်ချတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီလုပ်ရပ်တွေဟာ နိုင်ငံအပေါ် ဘေးအန္တရာယ်မကင်းရအောင် ဖြစ်စေတယ်လို့ ဆွီဒင်လုံခြုံရေးဝန်ဆောင်မှုများက မှတ်ချက်ပေးပါတယ်။

လုံခြုံရေးစိုးရိမ်မှုများကြောင့် ကိုရမ်ကျမ်းကို မီးရှို့ခြင်းပါ၀င်တဲ့ ဆန္ဒပြပွဲများအတွက် လျှောက်လွှာအများအပြားကို ယခုနှစ်စောစောပိုင်းမှာ ရဲတပ်ဖွဲ့က ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဆွီဒင်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ လွတ်လပ်စွာပြောဆိုခွင့် ဥပဒေများက အကာအကွယ်ပေးထားတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်များကို တရားရုံးများက ပယ်ချခဲ့ပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့် ဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အကာအကွယ်ပေးထားခြင်းကြောင့် အလွယ်တကူ ပြောင်းလဲနိုင်ခြင်း မရှိပေမယ့် နိုင်ငံ့လုံခြုံရေးအပေါ် အန္တရာယ် ဖြစ်စေပါက ရဲတပ်ဖွဲ့အနေနဲ့ ကျမ်းစာမီးရှို့ ခြင်းများကို တားဆီးခွင့်ပြုမယ့် ဥပဒေအပြောင်းအလဲများကို အစိုးရက ထည့်သွင်း စဉ်းစားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

မီးရှို့မှုများဟာ  နေတိုးအဖွဲ့ကို ဝင်ရောက်ဖို့အတွက် ဆွီဒင်ရဲ့ ကမ်းလှမ်းမှုကိုလည်း ရှုပ်ထွေးစေပါတယ်။ ဆွီဒင်ရဲ့ ၀င်ခွင့်လျှောက်လွှာကို အတည်ပြုပေးမယ်လို့ ယခုလမှာ တူရကီက ပြောကြားခဲ့ပေမယ့် ယခင်မီးရှို့ မှုများဟာ တူရကီသမ္မတ တေယစ်အားဒိုဂန်ကို ဒေါသထွက်စေခဲ့ပါတယ်။ ကျမ်းစာမီးရှို့ခြင်းဟာ ဥပဒေနဲ့ မဆန့်ကျင်ပေမယ့် မသင့်လျော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ဝေဖန်ပါတယ်။

(Reuters., 19 July 2023,” Iraq expels Swedish ambassador over planned Koran burning” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved