မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်ခြင်းလုပ်ငန်းကို မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း (၅)လခွဲနီးပါးကြာ ဆောင်ရွက်မည်
NSS - ဇူလိုင် ၁၉
မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းကို (၅)လခွဲနီးပါးကြာ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အဆိုပါ လုပ်ငန်းခွင် ဧရိယာအတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက အသိပေးကြေညာထားသည်။
အဆိုပါ လုပ်ငန်းကို Campana Mythic Co.,Ltd က ရေအောက်ကေဘယ်လ်ချခင်းသည့် သင်္ဘော CS.Nusan- tara Explorer ဖြင့် မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း ကေဘယ်လ်ကြိုးကို Rov သုံး၍ ပင်မလိုင်းခွဲ ယူနစ် (၁) တပ်ဆင်ထားသောနေရာတွင် သောင်တူးပြီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများကို ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။
ထို့ကြောင့် မြန်မာအထူးသီးသန့်စီးပွားရေးဇုန် (Myanmar Exclusive Economic Zone) အတွင်း ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်မည့် လမ်းကြောင်းတစ်လျှောက်လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းဆောင်ရွက်မည့် ဧရိယာများအတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Campana ကို ၂ဝ၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဒေတာကွန်ရက်ချိတ်ဆက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် စင်ကာပူနိုင်ငံတွင် ရုံးချုပ်တည်ရှိပြီး မြန်မာ၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့တွင် ဒေတာကွန်ရက်ချိတ်ဆက်မှုလုပ်ငန်းများအတွက် လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ