(၂ဝ၂၃) ခုနှစ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ၌ ဆရာတော်ကြီးများအား လာရောက်ဖူးမြော်မည့် ဧည့်သည်အဝင်၊ အထွက်ကို လုံခြုံရေးစိစစ် ကြပ်မတ်မည်
ယွန်း (NSS) - ဇူလိုင် ၆
(၂၀၂၃)ခုနှစ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲတွင် ဆရာတော်ကြီးများအား လာရောက်ဖူးမြော်မည့် ဧည့်သည်အဝင်၊ အထွက်ကို လုံခြုံရေး စိစစ်ကြပ်မတ်သွားရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။
နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်ရှိ သာသနာရေးနှင့် ယဥ်ကျေးမှုရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၅)ရက်၌ကျင်းပခဲ့သော ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၂ဝ၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော်ကြီးများ၊ ဒေသခံဆရာတော်ကြီးများဖြစ်သည့် နိုင်ငံတော်ဗဟိုသံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များကို ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကြွရောက်လာမည့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဆရာတော်ကြီးများကို ရန်ကုန်မြို့မှ နေပြည် တော်သို့ ပင့်ဆောင်ရာတွင် လေယာဥ်ဖြင့်သာ ပင့်ဆောင်ရန် နစကဒုဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။
ထို့နောက် လေဆိပ်မှ သံဃာရာမကျောင်းတိုက်သို့ ပင့်ဆောင်ရာတွင် လည်းကောင်း၊ ဒေသခံဆရာတော်ကြီးများအား ပင့်ဆောင်ရာတွင် လည်းကောင်း အဆင်ပြေစေရေးအတွက် လမ်းကြောင်းလုံခြုံရေးမှအစ အထူးအလေးထားဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ဆရာတော်ကြီးများအား လာရောက်ဖူးမြော်ကြမည့် ဧည့် သည်အဝင်၊ အထွက်ကိုလည်း လုံခြုံရေးအရ စနစ်တကျစိစစ်ကြပ်မတ်ရေးကို အထူးဆောင်ရွက်ရန် နစက ဒုဥက္ကဋ္ဌက အလေး ထားပြောဆိုခဲ့သည်။
အလားတူ ကိုဗစ်(၁၉) ကာကွယ်တားဆီးရေးဆိုင်ရာ စံနှုန်းများနှင့်အညီ ဝင်၊ ထွက်သွားလာရေးကိုလည်း စနစ်တကျ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
နစကအနေဖြင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်း ပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ၂ဝ၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်စွဲပါ အမိန့်ကြေညာစာအမှတ်၊ (၁၁ဝ/၂ဝ၂၃)ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သာသနာရေး နှင့် ယဥ်ကျေးမှုရေးရာဝန်ကြီးဌာန အနေဖြင့်လည်း အခမ်းအနားဆိုင်ရာလုပ်ငန်းများကို တာဝန်ခွဲဝေဆောင် ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ(၁၁)ခုကို ဖွဲ့စည်းပြီးဖြစ် ကြောင်း နစကဒုဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ဟာ နိုင်ငံပေါင်း (၁၈)နိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲလုပ်ငန်းတွေကို အလွဲသုံးစားလုပ်နေတယ်လို့ အစီရင်ခံစာထွက်ပေါ်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း