တရုတ်ဟာ နိုင်ငံပေါင်း (၁၈)နိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲလုပ်ငန်းတွေကို အလွဲသုံးစားလုပ်နေတယ်လို့ အစီရင်ခံစာထွက်ပေါ်
ရောင်နီ (NSS) - ဇူလိုင် ၆
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းမှာ အသုံးပြုတဲ့ ဓာတ်သတ္တုများ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေဟာ ၂ဝ၂၁ ခုနှစ်မှစတင်ကာ ကမ္ဘာတစ်ဝှမ်းမှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုပေါင်း (၁ဝဝ)ကျော် ပြုလုပ်ခဲ့တယ်လို့ NGO တစ်ခုမှ ဇူလိုင်လ ၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
တရုတ်ဟာ ကြေးနီ၊ နီကယ်နဲ့ ကိုဘော့ အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် အသွင်ကူး ပြောင်းရေးမှာ အရေးပါတဲ့ ဓာတ်သတ္တုများပြုပြင်ခြင်းနဲ့ သန့်စင်ခြင်းလုပ်ငန်းတွေမှာ လွှမ်းမိုးထားပြီး အင်ဒိုနီးရှား၊ ပီရူးနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံတို့လို သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေရှိ စက်ရုံတွေမှာလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်တဲ့ Business & Human Rights Resource Centre က ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလ နဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံရပ်ခြားမှ တွင်းထွက်သတ္တုများရှာဖွေမှုလုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီများမှ ကျူးလွန်တဲ့ အလွဲသုံးစားမှု (၁ဝ၂)မှုကို မှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါ အမှုတွေရဲ့ ၄ ပုံ ၁ ပုံဟာ အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
"ကျွန်ုပ်တို့ ဖော်ပြတဲ့ အချက်အလက်တွေဟာ အသွင်ကူးပြောင်းရေး တွင်းထွက်သတ္တုများ တူးဖော်ခြင်း၊ ထုတ်ယူခြင်းတွေမှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလွဲသုံးစားမှုတွေ ပျံ့နှံ့နေတာကို ပြသပါတယ်"လို့ NGO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ဒေသခံလူထုက ဒီလို အလွဲသုံးစားမှု ဒဏ်ကို ခံနေကြရတယ်" လို့ ၄င်းက ဆိုပါတယ်။ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ တရုတ်ကုမ္ပဏီတွေရဲ့ အလွဲသုံးစားပြုမှုဟာ အင်ဒိုနီးရှားမှ ာ၂၇ မှု၊ ပီရူးမှာ ၁၆ မှု၊ DRC မှာ ၁၂ မှု၊ မြန်မာနိုင်ငံမှာ ၁၁ မှုနဲ့ ဇင်ဘာဘွေမှာ ၇ မှုတွေ့ရှိခဲ့တယ်လို့ NGO ရဲ့ အစီရင်ခံစာ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စွဲချက်အမှု စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံကျော်ဟာ ဒေသခံလူထု အခွင့်အရေးချိုးဖောက်မှုများဖြစ်ပြီး ထက်ဝက်ကျော်ကတော့ ရေထုညစ်ညမ်းမှု၊ တောရိုင်းတိရစ္ဆာန်တွေအပေါ် သက်ရောက်မှုနဲ့ ရေဝင်ရောက်မှုတားဆီးခြင်း အပါအဝင် အန္တရာယ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအပေါ် သက်ရောက်မှုတွေဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲ ဝယ်လိုအား ကြီးထွားလာတာနဲ့အမျှ ၂ဝ၄ဝ ခုနှစ်မှာ တွင်းထွက်သတ္တုတွေကို တစ်ကမ္ဘာလုံး အသုံးပြုမှု ခြောက်ဆတိုးလာဖို့ မျှော်မှန်းထားတာကြောင့် အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်ပေါ်မယ့် ထိခိုက်မှုများ လျော့ပါးစေဖို့ တရုတ်အစိုးရကို တောင်းဆိုထားတယ်လို့ NGO က ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် နှင့် နေပြည်တော်ရှိ Bar၊ စားသောက်ဆိုင်များတွင် Unplugged သီဆိုဖျော်ဖြေမှုများကို ရပ်ဆိုင်းထားရန် ညွှန်ကြားမှုများရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ