ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာဘ်တော်ကို ကျောင်းတိုက်မှ လေဆိပ်ဟောင်းသို့ ပင့်ဆောင်မည်ဖြစ်၍ လမ်းတစ်လျှောက်၌ ပြည်သူများဖူးမြော်နိုင်ကြောင်း အသိပေး
ယွန်း (NP News) - မေ ၂၉
ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာဘ်တော်အား ဇွန်လ(၆)ရက်၌ ဗန်းမော်ကျောင်းတိုက်ရှိ ယာ ယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း အန္တိမအဂ္ဂိဈာပ န ကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည်။
ဗန်းမော်ဆရာတော်ဘုရားကြီးသည် ပြီးခဲ့သည့် မေလ(၂၅)ရက်၊ ည(၁၁)နာရီ (၁၁)မိနစ် အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာဘ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားပြီး ရဟန်းရှင်လူပြည်သူများ လာရောက်ဖူး မြော်ကြည်ညိုနိုင်ကြောင်း သိရသည်။
ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကို နိုင်ငံတော်အဆင့်နှင့်အညီ လာမည့် ဇွန်လ(၆)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဇွန်လ(၆)ရက်၊ ညနေပိုင်းတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာဘ်တော်အား ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါကော်မတီမှ ဆိုထားသည်။
ထိုသို့ ပင့်ဆောင်စဥ်အချိန်အတွင်း ရဟန်းရှင်လူပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက် အပါအဝင် (၃၉)လမ်းမှ (၇၃)လမ်းအတိုင်း၊ (၇၃)လမ်းမှ (၃၈)လမ်းအတိုင်း၊ (၃၈)လမ်းမှ (၇၈)လမ်းအတိုင်း၊ (၇၈)လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်းတစ်လျှောက်တွင် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
ဗန္းေမာ္ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလာဘ္ေတာ္ကို ေက်ာင္းတိုက္မွ ေလဆိပ္ေဟာင္းသို႔ ပင့္ေဆာင္မည္ျဖစ္၍ လမ္းတစ္ေလွ်ာက္၌ ျပည္သူမ်ားဖူးေျမာ္ႏိုင္ေၾကာင္း အသိေပး
ယြန္း (NP News) - ေမ ၂၉
ဗန္းေမာ္ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလာဘ္ေတာ္အား ဇြန္လ(၆)ရက္၌ ဗန္းေမာ္ေက်ာင္းတိုက္ရွိ ယာ ယီစံေက်ာင္းေတာ္မွ ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းသို႔ ပင့္ေဆာင္သြားမည္ျဖစ္ေၾကာင္း အႏၲိမအဂၢိဈာပ န က်င္းပေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။
ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးသည္ ၿပီးခဲ့သည့္ ေမလ(၂၅)ရက္၊ ည(၁၁)နာရီ (၁၁)မိနစ္ အခ်ိန္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္သည္။
လက္ရွိတြင္ ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလာဘ္ေတာ္အား ဗန္းေမာ္ေက်ာင္းတိုက္၌ ပူေဇာ္ထားၿပီး ရဟန္းရွင္လူျပည္သူမ်ား လာေရာက္ဖူး ေျမာ္ၾကည္ညိဳႏိုင္ေၾကာင္း သိရသည္။
ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနပူဇာသဘင္ကို ႏိုင္ငံေတာ္အဆင့္ႏွင့္အညီ လာမည့္ ဇြန္လ(၆)ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဇြန္လ(၆)ရက္၊ ညေနပိုင္းတြင္ ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလာဘ္ေတာ္အား ဗန္းေမာ္ေက်ာင္းတိုက္ရွိ ယာယီစံေက်ာင္းေတာ္မွ ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းသို႔ ပင့္ေဆာင္သြားမည္ျဖစ္ေၾကာင္း အထက္ပါေကာ္မတီမွ ဆိုထားသည္။
ထိုသို႔ ပင့္ေဆာင္စဥ္အခ်ိန္အတြင္း ရဟန္းရွင္လူျပည္သူမ်ားအေနျဖင့္ ဗန္းေမာ္ေက်ာင္းတိုက္ အပါအဝင္ (၃၉)လမ္းမွ (၇၃)လမ္းအတိုင္း၊ (၇၃)လမ္းမွ (၃၈)လမ္းအတိုင္း၊ (၃၈)လမ္းမွ (၇၈)လမ္းအတိုင္း၊ (၇၈)လမ္းမွ ခ်မ္းျမသာစည္ေလဆိပ္ေဟာင္းတစ္ေလွ်ာက္တြင္ ဆရာေတာ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့ကရိတ်မြို့၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်မှုကြောင့် ပြည်သူ(၂)ဦး သေဆုံး
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း