ကော့ကရိတ်မြို့၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်မှုကြောင့် ပြည်သူ(၂)ဦး သေဆုံး
NP News - မေ ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခတ်မှုကြောင့် ပြည်သူ(၂)ဦး သေဆုံးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။
နစကမှ ယမန်နေ့(မေလ ၂၈ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
KKO(ခွဲထွက်)နှင့် PDF အကြမ်းဖက်သမားများက မေလ(၂၈)ရက်၊ မွန်းလွဲ (၁၂)နာရီခန့်အချိန်တွင် တောင်ကြားကျေးရွာဘက်မှ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်ကြီးများသည် ကော့ကရိတ်မြို့နယ်၊ ကွက်သစ်(၃)ရပ်ကွက်ရှိ ဦးဖိုးကျား၏ နေအိမ်ရှေ့သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ဖြင့် မြို့တွင်းသို့သွားရန် ပြင်ဆင်နေသော ဦးဖိုးကျားနှင့် ဇနီးဖြစ်သူတို့(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း နစကမှ ဆိုထားသည်။
၎င်းတို့၏ရုပ်အလောင်းများကို ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi vesion
ေကာ့ကရိတ္ၿမိဳ႕၌ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခတ္မႈေၾကာင့္ ျပည္သူ(၂)ဦး ေသဆုံး
NP News - ေမ ၂၉
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၌ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခတ္မႈေၾကာင့္ ျပည္သူ(၂)ဦး ေသဆုံးခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။
နစကမွ ယမန္ေန႔(ေမလ ၂၈ ရက္) ညပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
KKO(ခြဲထြက္)ႏွင့္ PDF အၾကမ္းဖက္သမားမ်ားက ေမလ(၂၈)ရက္၊ မြန္းလြဲ (၁၂)နာရီခန႔္အခ်ိန္တြင္ ေတာင္ၾကားေက်း႐ြာဘက္မွ ေကာ့ကရိတ္ၿမိဳ႕အတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါလက္နက္ႀကီးမ်ားသည္ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ကြက္သစ္(၃)ရပ္ကြက္ရွိ ဦးဖိုးက်ား၏ ေနအိမ္ေရွ႕သို႔က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
ေပါက္ကြဲမႈေၾကာင့္ ဆိုင္ကယ္ျဖင့္ ၿမိဳ႕တြင္းသို႔သြားရန္ ျပင္ဆင္ေနေသာ ဦးဖိုးက်ားႏွင့္ ဇနီးျဖစ္သူတို႔(၂)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
၎တို႔၏႐ုပ္အေလာင္းမ်ားကို ေကာ့ကရိတ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လုံၿခဳံေရးလုပ္ငန္းမ်ားအား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ် စီးပွားရေးကုန်စည်ပြပွဲမှ နှစ်နိုင်ငံဈေးကွက်ချိတ်ဆက်မှုများရရှိခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း