အာရှနိုင်ငံရှိ Facebook အသုံးပြုသူများ၌ အလိုအလျောက် friend request ချို့ယွင်းချက်ဖြစ်ပေါ်
Htay Oung (NP News) - မေ ၁၃
ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံတစ်ဝှမ်းရှိ Facebook အသုံးပြုသူတွေဟာ တွင်ကျယ်နေတဲ့ လူမှုကွန်ရက်ပလက်ဖောင်းမှာ တွေးဆရခက်ခဲတဲ့ ချို့ယွင်းချက်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရကြောင်း Dhaka Tribune က မေလ ၁၂ ရက်ကရေးသားပါတယ်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ပရိုဖိုင်းကို ဝင်ရောက် ကြည့်ရှုမိယုံနဲ့ အဲဒီအကောင့်ထံ friend request တွေ အလိုအလျောက်ပေးပို့နေတယ်လို့ Facebook အသုံးပြုသူများက အခိုင်အမာဆိုနေကြပါတယ်။
သုံးစွဲသူများရဲ့ ကိုယ်ရေးကိုယ်တာ သီးသန့်တည်ရှိမှုနဲ့ လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့်ကို ထိပါးလာနိုင်တဲ့ အဲဒီ ပြဿနာဟာ စိတ်ဝင်စားဖွယ်ဖြစ်လာပြီး ထိခိုက်ခံရသူများအကြား ဆွေးနွေးပြောဆိုနေကြပါတယ်။
အသုံးပြုသူတစ်ဦးဟာ အခြားတစ်ဦးချင်းစီရဲ့ ပရိုဖိုင်ကို ဝင်ရောက်ကြည့်ရှုယုံမျှနဲ့ သူ့ရဲ့ ဆန္ဒမပါဝင်ပဲ Friend Request တောင်းဆိုကြောင်းပေးပို့တယ်လို့ အမှားအယွင်းဖြစ်သွားပုံရပါတယ်။
အဲဒီကိစ္စဟာ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ဒစ်ဂျစ်တယ် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်ရှိ နေတဲ့အတွက် Facebook သုံးစွဲသူများအကြား စိုးရိမ်မှုများ မြင့်တက်လာနေရပါတယ်။
Meta ကုမ္ပဏီအနေနဲ့ကတော့ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးတဲ့အပြင် တရားဝင်သတင်းထုတ်ပြန်ချက် သို့မဟုတ် အမှားအယွင်းဖြစ်တည်မှုကိုလည်း အသိအမှတ်ပြုခြင်း မပြုသေးပါဘူး။
(Dhaka Tribune., 12 May 2023,” Facebook users face 'automatic friend request' glitch ” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
အာရွႏိုင္ငံရွိ Facebook အသုံးျပဳသူမ်ား၌ အလိုအေလ်ာက္ friend request ခ်ိဳ႕ယြင္းခ်က္ျဖစ္ေပၚ
Htay Oung (NP News) - ေမ ၁၃
ဘဂၤလားေဒ့ရွ္၊ ဖိလစ္ပိုင္နဲ႔ သီရိလကၤာႏိုင္ငံတစ္ဝွမ္းရွိ Facebook အသုံးျပဳသူေတြဟာ တြင္က်ယ္ေနတဲ့ လူမႈကြန္ရက္ပလက္ေဖာင္းမွာ ေတြးဆရခက္ခဲတဲ့ ခ်ိဳ႕ယြင္းခ်က္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ သိရေၾကာင္း Dhaka Tribune က ေမလ ၁၂ ရက္ကေရးသားပါတယ္။
ပုဂၢိဳလ္တစ္ဦးတစ္ေယာက္ရဲ႕ ပ႐ိုဖိုင္းကို ဝင္ေရာက္ ၾကည့္ရႈမိယုံနဲ႔ အဲဒီအေကာင့္ထံ friend request ေတြ အလိုအေလ်ာက္ေပးပို႔ေနတယ္လို႔ Facebook အသုံးျပဳသူမ်ားက အခိုင္အမာဆိုေနၾကပါတယ္။
သုံးစြဲသူမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ သီးသန္႔တည္ရွိမႈနဲ႔ လုပ္ကိုင္ေဆာင္႐ြက္ပိုင္ခြင့္ကို ထိပါးလာႏိုင္တဲ့ အဲဒီ ျပႆနာဟာ စိတ္ဝင္စားဖြယ္ျဖစ္လာၿပီး ထိခိုက္ခံရသူမ်ားအၾကား ေဆြးေႏြးေျပာဆိုေနၾကပါတယ္။
အသုံးျပဳသူတစ္ဦးဟာ အျခားတစ္ဦးခ်င္းစီရဲ႕ ပ႐ိုဖိုင္ကို ဝင္ေရာက္ၾကည့္ရႈယုံမွ်နဲ႔ သူ႔ရဲ႕ ဆႏၵမပါဝင္ပဲ Friend Request ေတာင္းဆိုေၾကာင္းေပးပို႔တယ္လို႔ အမွားအယြင္းျဖစ္သြားပုံရပါတယ္။
အဲဒီကိစၥဟာ ကိုယ္ေရးကိုယ္တာ လုံၿခဳံမႈနဲ႔ ဒစ္ဂ်စ္တယ္ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ရာ ေရာက္ရွိ ေနတဲ့အတြက္ Facebook သုံးစြဲသူမ်ားအၾကား စိုးရိမ္မႈမ်ား ျမင့္တက္လာေနရပါတယ္။
Meta ကုမၸဏီအေနနဲ႔ကေတာ့ အဲဒီျပႆနာနဲ႔ ပတ္သက္ၿပီး တစ္စုံတစ္ရာ မွတ္ခ်က္ေပးျခင္း မရွိေသးတဲ့အျပင္ တရားဝင္သတင္းထုတ္ျပန္ခ်က္ သို႔မဟုတ္ အမွားအယြင္းျဖစ္တည္မႈကိုလည္း အသိအမွတ္ျပဳျခင္း မျပဳေသးပါဘူး။
(Dhaka Tribune., 12 May 2023,” Facebook users face 'automatic friend request' glitch ” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)မှာ စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်၍ အနီရောင်အဆင့် ရောက်ရှိလာပြီဟု မိုးဇလသတိပေး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ