Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်မှ မာရဝိဇယစေတီတော်ကြီးအတွက် ကျောက်သံပတ္တမြား(၂၆)မျိုးကို လှူဒါန်း

ယွန်း (NP News) - ဧပြီ ၃ဝ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ အသောကာရာမ ပရိယတ္တိစာသင်တိုက်ဆရာတော်မှ မာရဝိဇယစေတီတော်ကြီးအတွက် ကျောက်သံပတ္တမြား(၂၆)မျိုးကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်၊ မြို့မ(၃)ရပ်ကွက်ရှိ အသောကာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်မင်္ဂလာဘိဝံသမှ ဧပြီလ(၂၉)ရက်၊ နံနက်ပိုင်းတွင် အဆိုပါ ကျောက်သံပတ္တမြားများကို မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

“ဆရာတော်ကြီးက နေပြည်တော်မှာရှိတဲ့ မာရဝိဇယစေတီတော်ကြီးကို လှူမယ်ဆိုပြီးတော့ သူသိမ်းထားတဲ့ ကျောက်တွေကို ဝန်ကြီးချုပ်ကို ခေါ်ပြီးပြတာပေါ့။ တကယ်တော့ ဆရာ တော်ကြီးက လှူဖို့ကို နိုင်ငံတော်အကြီးအကဲတွေ၊ ဘာတွေနဲ့ချိတ်ပြီးသား လှူချင်တယ်ဆိုလို့ ဝန်ကြီးချုပ်ကသွားပြီးတော့ လှူလို့ရအောင် ဆောင်ရွက်ပေးတာပါ။ ဘုရားကြီးမှာ လှူဖို့ ဆရာတော်ကြီးက သူအနှစ်နှစ် အလလသိမ်းထားတဲ့ တန်ဖိုးရှိတဲ့ ကျောက်သံပတ္တမြားတွေကို ထုတ်ပြီးလှူတာပါ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဆရာတော်ကြီးသည် ၎င်းနှစ်ရှည်လများ စုဆောင်းထားသည့် တွင်းထွက်ပစ္စည်းများ အပါအ ဝင် ကျောက်သံပတ္တမြား(၂၆)မျိုးကို ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး တည်တံ့ခိုင်မာစွာ ထွန်းလင်းစေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ တွင်းထွက်ပစ္စည်းများတွင် မိုးကုတ်တွင်းထွက်ရတနာပစ္စည်း (၂)မျိုး အပါအဝင် B.G ကျောက် (၂၄) လုံး၊ ကျောက်နီရောင်စုံသေး တစ်ထုပ်၊ ကျောက်စိမ်းသေး ရောင်စုံ တစ်ထုပ် ၊အစိမ်းရောင်လုံး တစ်လုံး၊ ခရမ်းရောင်ကျောက်အကြမ်း တစ်ထုပ်၊ ဆင်မြီးကျောက်ပါ လက်ကောက် တစ်ခုနှင့် ဆွဲကြိုး တစ်ခု၊ မဟူရာအမဲ သုံးခု၊ကျောက်စိမ်းပြား(၃)ပြား၊ ရွှေရောင်ပါကျောက်ဖြူလုံးချော (၁၈) လုံး၊ ခရမ်းချိုချဉ် အနီရောင်ကျောက် (၇)လုံး၊ မျက်နှာတော်ပုံကျောက်နီတစ်ခု၊ ကျောက်စိမ်းအရိုင်းတုံးတစ်တုံး၊ သလင်းရိုင်းတုံး တစ်တုံး၊ နီလာသေးလုံးချောများတစ်ထုပ်၊ ကြောင်ကျောက်လုံးချောသုံးလုံး၊ ကျောက်စိမ်းအရိုင်းတုံးအသေး (၁၃) လုံး၊ ကျောက်နီအရိုင်းတုံး (၆)တုံး၊ အစိမ်းရောင်ရေခဲသားကြီးတစ်လုံး၊ အသေးတစ်လုံး (၁၈)မျိုးနှင့် အခြားတွင်းထွက် ပစ္စည်း(၆)မျိုး စုစုပေါင်း တွင်းထွက်ရတနာ(၂၆)မျိုး ပါဝင်ကြောင်း သိရသည်။

zawgyi version


ယွန်း(NP News) - ဧပြီ ၃ဝ






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိမ်ခြေရာမဲ့ အမျိုးသားနှစ်ဦး၏ရုပ်အလောင်းကို မြဝတီမြို့ နှင့် ကျောက်မဲမြို့တို့တွင် တွေ့ရှိ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved