အိမ်ခြေရာမဲ့ အမျိုးသားနှစ်ဦး၏ရုပ်အလောင်းကို မြဝတီမြို့ နှင့် ကျောက်မဲမြို့တို့တွင် တွေ့ရှိ
စော (NP News) - ဧပြီ ၃ဝ
ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး၏ အလောင်းကို တွေရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ယနေ့ (ဧပြီလ ၃ဝ ရက်)၊ နံနက်(၉)နာရီဝန်းကျင်တွင် မြဝတီမြို့၊ အ မှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ(၁၁)လမ်းထိပ်၊ ကိုယ်ပိုင်ကျောင်းရှေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ သိရသည်။
“ရာသီဥတုပူပြင်းတာလဲပါတယ်။ အရက်စွဲနေတဲ့လူပေါ့။ သူက အရက်သောက်ထားတာရယ်၊ ပူပြင်းတာရယ်ကြောင့် shock ဖြစ်သွားတာလို့ထင်ပါတယ်။ အဲဒီပတ်ဝန်းမှာပဲနေတာပါ။ အိမ်လည်းမရှိပါဘူး တောင်းရမ်းစားသောက်နေတဲ့လူပါ" ဟု အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရာသီဥတုပူပြင်းမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းကို မြဝတီ ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အလင်းသစ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဆိုသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့ ၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄) စာသင်ကျောင်းဘေးရှိ ညောင်ပင်အောက်တွင် အမည်မသိ အမျိုးသားတစ်ဦး၏ရုပ်အ လောင်းကို တွေ့ရှိခဲ့ရကြောင်း “နမ့်ခုံး”ရှမ်းများ ပရဟိတအသင်းမှ သိရသည်။
၎င်းကို လက်ရှိတွင် အေးချမ်းသာသုသာန်သို့ ပို့ဆောင်ထားကြောင်း “နမ့်ခုံး”ရှမ်းများ ပရဟိတအသင်းမှ ဆိုသည်။
zawgyi version
အိမ္ေျခရာမဲ့ အမ်ိဳးသားႏွစ္ဦး၏႐ုပ္အေလာင္းကို ျမဝတီၿမိဳ႕ ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔တြင္ ေတြ႕ရွိ
ေစာ (NP News) - ဧၿပီ ၃ဝ
ကရင္ျပည္နယ္ ၊ ျမဝတီၿမိဳ႕တြင္ အိမ္ေျခရာမဲ့အမ်ိဳးသားတစ္ဦး၏ အေလာင္းကို ေတြရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါအေလာင္းကို ယေန႔ (ဧၿပီလ ၃ဝ ရက္)၊ နံနက္(၉)နာရီဝန္းက်င္တြင္ ျမဝတီၿမိဳ႕၊ အ မွတ္(၄)ရပ္ကြက္၊ ေအာင္ေျမေ႐ႊဘုံ(၁၁)လမ္းထိပ္၊ ကိုယ္ပိုင္ေက်ာင္းေရွ႕တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း အလင္းသစ္အေရးေပၚကယ္ဆယ္ေရးအသင္းမွ သိရသည္။
“ရာသီဥတုပူျပင္းတာလဲပါတယ္။ အရက္စြဲေနတဲ့လူေပါ့။ သူက အရက္ေသာက္ထားတာရယ္၊ ပူျပင္းတာရယ္ေၾကာင့္ shock ျဖစ္သြားတာလို႔ထင္ပါတယ္။ အဲဒီပတ္ဝန္းမွာပဲေနတာပါ။ အိမ္လည္းမရွိပါဘူး ေတာင္းရမ္းစားေသာက္ေနတဲ့လူပါ" ဟု အလင္းသစ္အေရးေပၚကယ္ဆယ္ေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္(၃၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ရာသီဥတုပူျပင္းမႈေၾကာင့္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎ကို ျမဝတီ ခ႐ိုင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း အလင္းသစ္အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ ဆိုသည္။
အလားတူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ေက်ာက္မဲၿမိဳ႕ ၊ အမွတ္(၁)ရပ္ကြက္၊ အမွတ္(၄) စာသင္ေက်ာင္းေဘးရွိ ေညာင္ပင္ေအာက္တြင္ အမည္မသိ အမ်ိဳးသားတစ္ဦး၏႐ုပ္အ ေလာင္းကို ေတြ႕ရွိခဲ့ရေၾကာင္း “နမ့္ခုံး”ရွမ္းမ်ား ပရဟိတအသင္းမွ သိရသည္။
၎ကို လက္ရွိတြင္ ေအးခ်မ္းသာသုသာန္သို႔ ပို႔ေဆာင္ထားေၾကာင္း “နမ့္ခုံး”ရွမ္းမ်ား ပရဟိတအသင္းမွ ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၁ဝ)ဘီးကားတစ်စီး လမ်းဘေးထိုးကျခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း