မကွေးမြသလွန်ဘုရားပွဲတော်၌ ကဆုန်ညောင်ရေးသွန်းပွဲတော်အပါအဝင် သံဃာတော်အပါး(၁ဝဝဝ) ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပသွားမည်
ရဲပြည့် (NP News) - ဧပြီ ၂၃
မကွေးမြို့ မြသလွန်ဘုရားပွဲတော်၌ ကဆုန်ညောင်ရေးသွန်းပွဲတော်အပါအဝင် သံဃာတော်အပါး (၁ဝဝဝ)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ကဆုန်လပြည့်နေ့တွင် မကွေးမြို့ မြသလွန်ဘုရားပွဲတော်ကွင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၃ ရက်၊ နံနက် ၁ဝ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ခြင်းဖြစ်သည်။
မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၆)ကျောင်း နှင့် စာသင်တိုက်အသီးသီးမှ သံဃာတော်အပါး (၁ဝဝဝ)ကျော်ကို လောင်းလှူသွားမည်ဖြစ်၍ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြောသည်။
ပြီးခဲ့သည့်နှစ်များက ကိုဗစ်ကပ်ရောဂါကြောင့် ဆရာတော်၊ သံဃာတော်များ သီတင်းသုံးရာ ဘုန်းတော်ကြီးကျောင်းများအရောက် ဆွမ်းဆန်တော်များသွားရောက်လှူဒါန်ခဲ့ရပြီး ယခုနှစ်တွင် ပိုမိုစည်ကားပြီး အောင်မြင်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား မကွေးတိုင်းဒေသကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီမှကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြိုပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များပူးပေါင်းကာ ၁၃၈၅ ခု၊ ကဆုန်လပြည့်၊ မေလ ၃ ရက်၊ နံနက်ပိုင်းတွင် မကွေးမြို့ မြသလွန်ဘုရားပွဲတော်ကွင်းပြင်၌ လောင်းလှူသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ဆက်လက်ပြီး ညနေပိုင်းတွင် နှစ်စဉ်ရိုးရာမပျက် ကဆုန်ညောင်ရေသွန်းပွဲကို မကွေးမြသလွန်ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
မေကြး ျမသလြန္ဘုရားပြဲေတာ္၌ ကဆုန္ေညာင္ေရးသြန္းပြဲေတာ္အပါအဝင္ သံဃာေတာ္အပါး(၁ဝဝဝ) ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲက်င္းပသြားမည္
ရဲျပည့္ (NP News) - ဧၿပီ ၂၃
မေကြးၿမိဳ႕ ျမသလြန္ဘုရားပြဲေတာ္၌ ကဆုန္ေညာင္ေရးသြန္းပြဲေတာ္အပါအဝင္ သံဃာေတာ္အပါး (၁ဝဝဝ)ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။
ကဆုန္လျပည့္ေန႔တြင္ မေကြးၿမိဳ႕ ျမသလြန္ဘုရားပြဲေတာ္ကြင္း၌ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ဧၿပီလ ၂၃ ရက္၊ နံနက္ ၁ဝ နာရီက မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌က်င္းပခဲ့ျခင္းျဖစ္သည္။
မေကြးၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၉၆)ေက်ာင္း ႏွင့္ စာသင္တိုက္အသီးသီးမွ သံဃာေတာ္အပါး (၁ဝဝဝ)ေက်ာ္ကို ေလာင္းလႉသြားမည္ျဖစ္၍ ကဆုန္ေညာင္ေရသြန္းပြဲႏွင့္ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲကို ယခင္ႏွစ္မ်ားထက္ ပိုမိုစည္ကားသိုက္ၿမိဳက္စြာ က်င္းပေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင့္လြင္က ေျပာသည္။
ၿပီးခဲ့သည့္ႏွစ္မ်ားက ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဆရာေတာ္၊ သံဃာေတာ္မ်ား သီတင္းသုံးရာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအေရာက္ ဆြမ္းဆန္ေတာ္မ်ားသြားေရာက္လႉဒါန္ခဲ့ရၿပီး ယခုႏွစ္တြင္ ပိုမိုစည္ကားၿပီး ေအာင္ျမင္စြာေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ၎မွ ဆက္လက္ေျပာသည္။
အဆိုပါ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲအား မေကြးတိုင္းေဒသႀကီး ဆြမ္းဆန္စိမ္းေလာင္းလႉပြဲ က်င္းပေရးဦးစီးေကာ္မတီမွႀကီးမႉး၍ ဌာနဆိုင္ရာမ်ား၊ ၿမိဳေပၚရပ္ကြက္မ်ားမွ ေစတနာရွင္အလႉရွင္မ်ားပူးေပါင္းကာ ၁၃၈၅ ခု၊ ကဆုန္လျပည့္၊ ေမလ ၃ ရက္၊ နံနက္ပိုင္းတြင္ မေကြးၿမိဳ႕ ျမသလြန္ဘုရားပြဲေတာ္ကြင္းျပင္၌ ေလာင္းလႉသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။
ဆက္လက္ၿပီး ညေနပိုင္းတြင္ ႏွစ္စဥ္႐ိုးရာမပ်က္ ကဆုန္ေညာင္ေရသြန္းပြဲကို မေကြးျမသလြန္ရင္ျပင္ေတာ္၌ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ လူနေအိမ်များအတွက် အိမ်ရာကွက်စနစ်တကျပြန်လည် ဖော်ဆောင်ပေးမည်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း