လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ လူနေအိမ်များအတွက် အိမ်ရာကွက်စနစ်တကျပြန်လည် ဖော်ဆောင်ပေးမည်
ယွန်း (NP News) - ဧပြီ ၂၃
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ လူနေအိမ်များအတွက် အိမ်ရာကွက် စနစ်တကျပြန်လည်ဖော်ဆောင်ပေးရန် နစကဥက္ကဋ္ဌမှ တိုက်တွန်းပြောဆိုခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ(၂၂)ရက်တွင် လယ်ဝေးမြို့နယ်အတွင်းသို့ သွား ရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်၊ ညနေ(၆)နာရီခွဲအချိန်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကြောင့် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ်(၁၅၅)လုံး၊ စာသင် ကျောင်း(၁)ကျောင်း၊ ဆေးခန်း(၁)လုံး၊ ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ်(၇၇)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူ(၁၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၆)ဦးသေဆုံးခဲ့သည်။
ထို့ကြောင့် ၎င်းတို့အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးသွားသည့် စာသင်ကျောင်းများကို လာမည့် ကျောင်းဖွင့်ချိန်အမီ အပြီးတည်ဆောက်ရန် နစကဥက္ကဋ္ဌမှ တိုက်တွန်းပြောဆိုထားသည်။
အလားတူ ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းများကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကို အိမ်ရာကွက်စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များ တည်ဆောက်ပေးရန် ဆောင်ရွက်စေလိုကြောင်း နစကဥက္ကဋ္ဌမှ ဆက်လက်ပြောဆိုခဲ့သည်။
လေဘေးသင့်ပြည်သူများကိုလည်း နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ကုတင် (၁ဝဝဝ) တွင် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရသည်။
zawgyi version
ယွန်း (NP News) - ဧပြီ ၂၃
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ကွက်များအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား ဌာနမှဖြန့်ဖြူးသည့် ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ကန့်သတ်မည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ