ရပ်ကွက်များအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား ဌာနမှဖြန့်ဖြူးသည့် ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ကန့်သတ်မည်
ယွန်း (NP News) - ဧပြီ ၂၃
ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ စီးပွားရေးလုပ်ငန်းများအား ဌာနမှဖြန့်ဖြူးသည့် ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ညနေ(၅)နာရီမှစ၍ ကန့်သတ်ကြောင်း YESC မှ ကြေညာထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယနေ့(ဧပြီလ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အပူချိန်မြင့်မားလာမှုနှင့် ဓာတ်အားသုံးစွဲမှုမြင့်တက်လာခြင်းတို့အပါအဝင် ဓာတ်အားပေးစက်များကိုလည်း နှစ်စဥ်ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်နေရကြောင်း သိရသည်။
ထို့ပြင် (၂၃ဝ)ကေဗွီ နှင့် (၁၃၂)ကေဗွီ လောပိတ မဟာဓာတ်အားလိုင်းများ၏ တာဝါတိုင်များ အကြိမ် ကြိမ်ဖျက်ဆီးခံရခြင်းကြောင့် ဘီလူးချောင်း (၁)၊(၂)၊(၃) ဓာတ်အားပေးစက်များမှ ထုတ်လုပ်ပို့လွှတ်နေသည့် ဓာတ်အားများ လျော့နည်းလျက်ရှိကြောင်း YESC မှ ဆိုထားသည်။
သို့ဖြစ်၍ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှုမဖြစ်စေရန် အရေးပေါ်ဝန်အားလျှော့ချခြင်းနှင် အလှည့်ကျ ဝန်အားလျှော့ချရခြင်းများပြုလုပ်၍ ဓာတ်အားဖြန့်ဖြူးနေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် လက်ရှိဓာတ်အားပို့လွှတ်နိုင်မှု အခြေအနေများအရ ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူအုပ်စုအတိုင်းရောနှော၍ ဓာတ်အားသုံးစွဲနေသော ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလက်မှုလုပ်ငန်းများအား ယနေ့(ဧပြီလ ၂၃ ရက်)မှစ၍ ဓာတ်အားကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီးပွားရေးလုပ်ငန်းများအား နေ့စဥ် ညနေ(၅)နာရီမှ နံနက်(၅)နာရီအချိန်အထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် ကန့်သတ်ကြောင်း YESC မှ အသိပေးထားသည်။
ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်နေမှုကို မီတာပြဂဏန်းများ ဓာတ်ပုံရိုက်မှတ်တမ်းတင်၍ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထား သည်။
ထုတ်ပြန်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေး ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။
zawgyi version
ရပ္ကြက္မ်ားအတြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားအား ဌာနမွျဖန႔္ျဖဴးသည့္ ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္ ႐ြက္ျခင္းကို ကန႔္သတ္မည္
ယြန္း (NP News) - ဧၿပီ ၂၃
ရပ္ကြက္၊ ေက်း႐ြာမ်ားအတြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားအား ဌာနမွျဖန႔္ျဖဴးသည့္ ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္ျခင္းကို ညေန(၅)နာရီမွစ၍ ကန႔္သတ္ေၾကာင္း YESC မွ ေၾကညာထားသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)မွ ယေန႔(ဧၿပီလ ၂၃ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
လက္ရွိတြင္ အပူခ်ိန္ျမင့္မားလာမႈႏွင့္ ဓာတ္အားသုံးစြဲမႈျမင့္တက္လာျခင္းတို႔အပါအဝင္ ဓာတ္အားေပးစက္မ်ားကိုလည္း ႏွစ္စဥ္ပုံမွန္ထိန္းသိမ္းျပဳျပင္ျခင္းမ်ား ေဆာင္႐ြက္ေနရေၾကာင္း သိရသည္။
ထို႔ျပင္ (၂၃ဝ)ေကဗြီ ႏွင့္ (၁၃၂)ေကဗြီ ေလာပိတ မဟာဓာတ္အားလိုင္းမ်ား၏ တာဝါတိုင္မ်ား အႀကိမ္ ႀကိမ္ဖ်က္ဆီးခံရျခင္းေၾကာင့္ ဘီလူးေခ်ာင္း (၁)၊(၂)၊(၃) ဓာတ္အားေပးစက္မ်ားမွ ထုတ္လုပ္ပို႔လႊတ္ေနသည့္ ဓာတ္အားမ်ား ေလ်ာ့နည္းလ်က္ရွိေၾကာင္း YESC မွ ဆိုထားသည္။
သို႔ျဖစ္၍ ဓာတ္အားထုတ္လုပ္ပို႔လႊတ္ႏိုင္မႈႏွင့္ သုံးစြဲမႈမမွ်တျခင္းေၾကာင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္အတြင္း ဓာတ္အားျပတ္ေတာက္မႈမျဖစ္ေစရန္ အေရးေပၚဝန္အားေလွ်ာ့ခ်ျခင္းႏွင္ အလွည့္က် ဝန္အားေလွ်ာ့ခ်ရျခင္းမ်ားျပဳလုပ္၍ ဓာတ္အားျဖန႔္ျဖဴးေနရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ လက္ရွိဓာတ္အားပို႔လႊတ္ႏိုင္မႈ အေျခအေနမ်ားအရ ရန္ကုန္တိုင္းအတြင္းရွိ အမ်ားျပည္သူအုပ္စုအတိုင္းေရာေႏွာ၍ ဓာတ္အားသုံးစြဲေနေသာ ရပ္ကြက္၊ ေက်း႐ြာအတြင္းရွိ စီးပြားေရးလုပ္ငန္းႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ားအား ယေန႔(ဧၿပီလ ၂၃ ရက္)မွစ၍ ဓာတ္အားကန႔္သတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စီးပြားေရးလုပ္ငန္းမ်ားအား ေန႔စဥ္ ညေန(၅)နာရီမွ နံနက္(၅)နာရီအခ်ိန္အထိ ကန႔္သတ္ခ်ိန္အတြင္း ဌာနမွျဖန႔္ျဖဴးသည့္ လွ်ပ္စစ္ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္ျခင္းမျပဳရန္ ကန႔္သတ္ေၾကာင္း YESC မွ အသိေပးထားသည္။
ကန႔္သတ္ခ်ိန္အတြင္း ဌာနမွျဖန႔္ျဖဴးသည့္ လွ်ပ္စစ္ဓာတ္အားျဖင့္ လုပ္ငန္းေဆာင္႐ြက္ေနမႈကို မီတာျပဂဏန္းမ်ား ဓာတ္ပုံ႐ိုက္မွတ္တမ္းတင္၍ စစ္ေဆးသြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေဖာ္ျပထား သည္။
ထုတ္ျပန္ခ်က္အား ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႕ရွိပါက အုပ္ခ်ဳပ္မႈနည္းလမ္းအရ အေရး ယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ် (၃)လအတွင်းယာဉ်တိုက်မှုပေါင်း(၁၃ဝဝ) ကျော်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်း
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း