၂ဝ၂၃ ခုနှစ် (၃)လအတွင်းယာဉ်တိုက်မှုပေါင်း(၁၃ဝဝ) ကျော်ဖြစ်ပွားခဲ့ပြီး ယခင်နှစ်အလားတူကာလထက် အမှုပေါင်း (၃၈ဝ)ကျော်လျော့နည်း
ရဲပြည့် (NP News) - ဧပြီ ၂၃
၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ (၃)လအတွင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုပေါင်း (၁၃ဝ၃)မှုဖြစ်ပွားခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယဉ်ပါက အမှုပေါင်း (၃၈ဝ)ကျော် လျော့နည်းခဲ့ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်၂ဝ၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ယာဉ်တိုက်ခိုက်မှုပေါင်း (၁၆၄၃)ခု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှု (၂၁၁၅)မှုရှိခဲ့ကာ သေဆုံးမှုအနေဖြင့် (၈၁၈)ဦး ရှိခဲ့ကြောင်း သိရသည်။
ယခု ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ယာဉ်တိုက်ခိုက်မှုပေါင်း (၁၂၆၃)ခုရှိခဲ့ပြီး ဒဏ်ရာရရှိမှု (၁၇၁၁)မှုရှိခဲ့ကာ လူသေဆုံးမှုအနေဖြင့် (၆၇၄)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၃၈ဝ)ကျော် လျော့နည်းသွားပြီး လူသေဆုံးမှုအနေဖြင့် (၁၄ဝ)ကျော်လျော့နည်းသွားခဲ့သည်ကိုတွေ့ရသည်။
ယာဉ်တိုက်မှုများသည် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အမြန်လမ်း၌ ယာဉ်တိုက်မှုများအနေဖြင့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် ဇန်နဝါရီလမှ မတ်လအထိ ယာဉ်တိုက်မှုပေါင်း (၄၄)ခုရှိခဲ့ပြီး ဒဏ်ရာရရှိမှု(၄၁)ခုရှိခဲ့ကာ လူသေဆုံးမှုအနေဖြင့် (၂၃)ဦးရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ၂ဝ၂၃ ခုနှစ်တွင် အမြန်လမ်း၌ ယာဉ်တိုက်မှုများအနေဖြင့် ဇန်နဝါရီလမှ မတ်လအထိ ယာဉ်တိုက် မှုပေါင်း(၄ဝ)ခုရှိခဲ့ပြီး ဒဏ်ရာရရှိမှု(၈၈)ခုရှိခဲ့ကာ လူသေဆုံးမှုအနေဖြင့် (၃ဝ)ဦးရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နှစ်ထက် ဒဏ်ရာရရှိမှုနှင့် လူသေဆုံးမှု ပိုမိုများပြားလာခဲ့ကြောင်းသိရသည်။
ထို့အတွက်ကြောင့် ၂ဝ၂၃ ခုနှစ်သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်ထက် ယာဉ်တိုက်ခိုက်မှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် လူသေဆုံးမှုလျော့နည်းလာခဲ့သည်ကိုတွေ့ရသည်။
zawgyi version
၂ဝ၂၃ ခုႏွစ္ (၃)လအတြင္းယာဥ္တိုက္မႈေပါင္း(၁၃ဝဝ) ေက်ာ္ျဖစ္ပြားခဲ့ၿပီး ယခင္ႏွစ္အလားတူကာလထက္ အမႈေပါင္း (၃၈ဝ)ေက်ာ္ေလ်ာ့နည္း
ရဲျပည့္ (NP News) - ဧၿပီ ၂၃
၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ (၃)လအတြင္း ျမန္မာႏိုင္ငံတြင္ ယာဥ္တိုက္မႈေပါင္း (၁၃ဝ၃)မႈျဖစ္ပြားခဲ့ၿပီး ယခင္ႏွစ္အလားတူကာလႏွင့္ ႏႈိင္းယဥ္ပါက အမႈေပါင္း (၃၈ဝ)ေက်ာ္ ေလ်ာ့နည္းခဲ့ေၾကာင္းကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ ယာဥ္တိုက္ခိုက္မႈေပါင္း (၁၆၄၃)ခု ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရရွိမႈ (၂၁၁၅)မႈရွိခဲ့ကာ ေသဆုံးမႈအေနျဖင့္ (၈၁၈)ဦး ရွိခဲ့ေၾကာင္း သိရသည္။
ယခု ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ ယာဥ္တိုက္ခိုက္မႈေပါင္း (၁၂၆၃)ခုရွိခဲ့ၿပီး ဒဏ္ရာရရွိမႈ (၁၇၁၁)မႈရွိခဲ့ကာ လူေသဆုံးမႈအေနျဖင့္ (၆၇၄)ဦးရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယခုႏွစ္အတြင္း ယာဥ္တိုက္မႈေပါင္း (၃၈ဝ)ေက်ာ္ ေလ်ာ့နည္းသြားၿပီး လူေသဆုံးမႈအေနျဖင့္ (၁၄ဝ)ေက်ာ္ေလ်ာ့နည္းသြားခဲ့သည္ကိုေတြ႕ရသည္။
ယာဥ္တိုက္မႈမ်ားသည္ ပဲခူးတိုင္း၊ မေကြးတိုင္း၊ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ ဧရာဝတီတိုင္းတို႔တြင္ အမ်ားဆုံးျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ အျမန္လမ္း၌ ယာဥ္တိုက္မႈမ်ားအေနျဖင့္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ ဇန္နဝါရီလမွ မတ္လအထိ ယာဥ္တိုက္မႈေပါင္း (၄၄)ခုရွိခဲ့ၿပီး ဒဏ္ရာရရွိမႈ(၄၁)ခုရွိခဲ့ကာ လူေသဆုံးမႈအေနျဖင့္ (၂၃)ဦးရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိ ၂ဝ၂၃ ခုႏွစ္တြင္ အျမန္လမ္း၌ ယာဥ္တိုက္မႈမ်ားအေနျဖင့္ ဇန္နဝါရီလမွ မတ္လအထိ ယာဥ္တိုက္ မႈေပါင္း(၄ဝ)ခုရွိခဲ့ၿပီး ဒဏ္ရာရရွိမႈ(၈၈)ခုရွိခဲ့ကာ လူေသဆုံးမႈအေနျဖင့္ (၃ဝ)ဦးရွိခဲ့ျခင္းေၾကာင့္ ၿပီးခဲ့သည့္ ႏွစ္ထက္ ဒဏ္ရာရရွိမႈႏွင့္ လူေသဆုံးမႈ ပိုမိုမ်ားျပားလာခဲ့ေၾကာင္းသိရသည္။
ထို႔အတြက္ေၾကာင့္ ၂ဝ၂၃ ခုႏွစ္သည္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ထက္ ယာဥ္တိုက္ခိုက္မႈ၊ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ လူေသဆုံးမႈေလ်ာ့နည္းလာခဲ့သည္ကိုေတြ႕ရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘေးတွဲဆိုင်ကယ်များသုံး၍ အဖျက်လုပ်ရပ် ဆောင်ရွက်မှုများရှိနေဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း