ဘေးတွဲဆိုင်ကယ်များသုံး၍ အဖျက်လုပ်ရပ် ဆောင်ရွက်မှုများရှိနေဟုဆို
ယွန်း (NP News) - ဧပြီ ၂၃
ဘေးတွဲဆိုင်ကယ်များကိုသုံးပြီး အဖျက်လုပ်ရပ်များ ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝင်းတင့်က အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
“ဘေးတွဲဆိုင်ကယ်များ အသုံးပြု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းများရှိ၍ ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးအရေးယူဆောင်ရွက်ရေးကိစ္စများကို သက်ဆိုင်ရာများမှ ဆွေးနွေးပေးစေလိုပါတယ်”ဟု ဗိုလ်မှူးကြီး ဝင်းတင့်က အစည်းအဝေးတွင် တိုက်တွန်းပြောဆိုထားခဲ့သည်။
ထို့ပြင် လက်ရှိတွင် မော်တော်ယာဥ်များ နံပါတ်ပြားလဲလှယ်တပ်ဆင်ခြင်းပညာပေးကာလ ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက်ကြောင့် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ရန် ၎င်းမှ ဆက်လက်ပြောဆိုထား သည်။
အလားတူ ယာဥ်မောင်းစဥ် အရက်သေစာသောက်စားမှုများ၊ ထိုင်ခုံခါးပတ် ပတ်မှုရှိ၊ မရှိ နှင့် အရှိန်နှုန်းမြှင့်တင်မောင်းနှင်မှုများကို စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်လည်း ဗိုလ်မှူးကြီးဝင်းတင့်မှ အသိပေးပြောကြားခဲ့သည်။
zawgyi version
ေဘးတြဲဆိုင္ကယ္မ်ားသုံး၍ အဖ်က္လုပ္ရပ္ ေဆာင္႐ြက္မႈမ်ားရွိေနဟုဆို
ယြန္း (NP News) - ဧၿပီ ၂၃
ေဘးတြဲဆိုင္ကယ္မ်ားကိုသုံးၿပီး အဖ်က္လုပ္ရပ္မ်ား ေဆာင္႐ြက္မႈမ်ားရွိေနေၾကာင္း သိရသည္။
ရန္ကုန္တိုင္းယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ပညာေပးေရးႏွင့္ စစ္ေဆးအေရးယူေရး ပုံမွန္အစည္းအေဝးကို ၿပီးခဲ့သည့္ ဧၿပီလ(၂၁)ရက္၊ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ အစိုးရအဖြဲ႕႐ုံး၊ အစည္းအေဝးခန္းမ(၃)တြင္ က်င္းပခဲ့သည္။
အဆိုပါ အစည္းအေဝး၌ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ ပညာေပးေရးႏွင့္ စစ္ေဆးအေရးယူေရး ဆပ္ေကာ္မတီ ဥကၠ႒ ဗိုလ္မႉးႀကီး ဝင္းတင့္က အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္းျဖစ္သည္။
“ေဘးတြဲဆိုင္ကယ္မ်ား အသုံးျပဳ၍ အဖ်က္လုပ္ရပ္မ်ား ေဆာင္႐ြက္ေနျခင္းမ်ားရွိ၍ ေဘးတြဲဆိုင္ကယ္မ်ား ဖမ္းဆီးအေရးယူေဆာင္႐ြက္ေရးကိစၥမ်ားကို သက္ဆိုင္ရာမ်ားမွ ေဆြးေႏြးေပးေစလိုပါတယ္”ဟု ဗိုလ္မႉးႀကီး ဝင္းတင့္က အစည္းအေဝးတြင္ တိုက္တြန္းေျပာဆိုထားခဲ့သည္။
ထို႔ျပင္ လက္ရွိတြင္ ေမာ္ေတာ္ယာဥ္မ်ား နံပါတ္ျပားလဲလွယ္တပ္ဆင္ျခင္းပညာေပးကာလ ကုန္ဆုံးေတာ့မည္ျဖစ္သည့္အတြက္ေၾကာင့္ ဖမ္းဆီးအေရးယူမႈမ်ား ေဆာင္႐ြက္ရန္ ၎မွ ဆက္လက္ေျပာဆိုထား သည္။
အလားတူ ယာဥ္ေမာင္းစဥ္ အရက္ေသစာေသာက္စားမႈမ်ား၊ ထိုင္ခုံခါးပတ္ ပတ္မႈရွိ၊ မရွိ ႏွင့္ အရွိန္ႏႈန္းျမႇင့္တင္ေမာင္းႏွင္မႈမ်ားကို စနစ္တက် စစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္သြားရန္လည္း ဗိုလ္မႉးႀကီးဝင္းတင့္မွ အသိေပးေျပာၾကားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွားထိုးကြီး-မြင်းခြံကားလမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း