နွားထိုးကြီး-မြင်းခြံကားလမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦး သေဆုံး
Pearl (NP News) - ဧပြီ ၂၃
မန္တလေးတိုင်း၊ နွားထိုးကြီး-မြင်းခြံကားလမ်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦး သေဆုံးပြီး သံဃားတစ်ပါးအပါအဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်၊ ညနေ ၄ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် နွားထိုးကြီး-မြင်းခြံကားလမ်း၊ သာယာကုန်းကျေးရွာနှင့် လျှော်ဖြူကျေးရွာကြား မိုင်တိုင်အမှတ် ၁၃ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၊ စိန်ပန်းကျင်းကျေးရွာတွင်နေထိုင်သူ ကိုအေးစိုး မောင်းနှင်၍ စိန်ပန်းကျင်းကျေးရွာဘုန်းကြီး ကျောင်းတိုက်မှ ဆရာတော်ဥူးဇဝန လိုက်ပါလာသည့် Mark II ယာဉ် နှင့် နွားထိုးကြီးမြို့နယ်လျှပ်စစ်ရုံးမှ ဦးကျော်အောင်မောင်းနှင်၍ ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝင်းဇော်အပါအဝင် ဝန်ထမ်း နှစ်ဦး၊ နေ့စားလုပ်သား (၂)ဦးတို့လိုက်ပါလာသည့် Light Truck ယာဉ်တို့သည် နွားထိုးကြီး-မြင်းခြံကားလမ်းအတိုင်း အသီးသီးမောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်လာစဉ် အကြမ်းဖက်အဖွဲ့အင်အား (၁၅)ဦးခန့်က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဒုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဖြစ်သူ ဦးရဲဝင်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ကိုအေးစိုးနှင့် ဆရာတော်ဥူးဇဝနတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများအား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူအကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ႏြားထိုးႀကီး-ျမင္းၿခံကားလမ္းတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဒုၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာတစ္ဦး ေသဆုံး
Pearl (NP News) - ဧၿပီ ၂၃
မႏၲေလးတိုင္း၊ ႏြားထိုးႀကီး-ျမင္းၿခံကားလမ္းတြင္ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဒုၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာတစ္ဦး ေသဆုံးၿပီး သံဃားတစ္ပါးအပါအဝင္ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဧၿပီလ ၂၁ ရက္၊ ညေန ၄ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္ ႏြားထိုးႀကီး-ျမင္းၿခံကားလမ္း၊ သာယာကုန္းေက်း႐ြာႏွင့္ ေလွ်ာ္ျဖဴေက်း႐ြာၾကား မိုင္တိုင္အမွတ္ ၁၃ မိုင္ ၁ ဖာလုံႏွင့္ ၂ ဖာလုံၾကားတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ႏြားထိုးႀကီးၿမိဳ႕နယ္၊ စိန္ပန္းက်င္းေက်း႐ြာတြင္ေနထိုင္သူ ကိုေအးစိုး ေမာင္းႏွင္၍ စိန္ပန္းက်င္းေက်း႐ြာဘုန္းႀကီး ေက်ာင္းတိုက္မွ ဆရာေတာ္ဥဴးဇဝန လိုက္ပါလာသည့္ Mark II ယာဥ္ ႏွင့္ ႏြားထိုးႀကီးၿမိဳ႕နယ္လွ်ပ္စစ္႐ုံးမွ ဦးေက်ာ္ေအာင္ေမာင္းႏွင္၍ ဒုၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးရဲဝင္းေဇာ္အပါအဝင္ ဝန္ထမ္း ႏွစ္ဦး၊ ေန႔စားလုပ္သား (၂)ဦးတို႔လိုက္ပါလာသည့္ Light Truck ယာဥ္တို႔သည္ ႏြားထိုးႀကီး-ျမင္းၿခံကားလမ္းအတိုင္း အသီးသီးေမာင္းႏွင္လာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေမာင္းႏွင္လာစဥ္ အၾကမ္းဖက္အဖြဲ႕အင္အား (၁၅)ဦးခန႔္က လက္နက္ငယ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။
ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဒုၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာျဖစ္သူ ဦးရဲဝင္းေဇာ္တြင္ က်ည္ထိမွန္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ၿပီး ကိုေအးစိုးႏွင့္ ဆရာေတာ္ဥဴးဇဝနတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဒဏ္ရာရရွိသူမ်ားအား ႏြားထိုးႀကီးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူအၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့တွင် ကားနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိရာမှ (၈)ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း