ထိုင်းနိုင်ငံက (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁)သန်းအထိ ထုတ်လုပ်ရန် စီစဉ်နေ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၈
ထိုင်းနိုင်ငံသည် လာမည့် (၁၀)နှစ်အတွင်း ဒရုန်းအစင်းရေ (၁)သန်းထုတ်လုပ်သွားနိုင်ရန် မျှော်လင့်ထားကြောင်း အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT)က ထုတ်ဖော်ပြောဆို လိုက်သည်။ ထိုင်းအရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က “ အောက်တိုဘာလအကုန်မှာ ဒရုန်းအစင်း ရေ (၁၃၀ဝဝဝ)ကျော်အထိ မှတ်ပုံတင်အမည်စာရင်း ပေးသွင်းသွားမယ်လို့မျှော်လင့်ထားတယ်။ လူတိုင်း ဟာ ဒရုန်းတွေကို မောင်းနှင်လာကြတယ်။ ဒရုန်းတွေကို မိုလ်ဘိုင်းဖုန်းတွေနဲ့ မောင်းနှင်တာတွေလည်း လုပ်ဆောင်လာတယ်။ လက်ရှိအချိန်မှာ ဒရုန်းအစင်း ရေ (၁၃၀ဝဝဝ)အထိ မှတ်ပုံတင်မှာဖြစ်ပြီး လာမယ့် (၁၀)နှစ်အထိဆိုရင် ဒရုန်းအစင်းရေ (၁)သန်းထိ မှတ်ပုံတင်နိုင်ဖို့ မျှော်လင့်ထားတယ်”ဟု ပြောသည်။
ဒရုန်းများကို သုတေသနလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ဓာတ်ပုံနှင့်ရိုက်ကူးရေးလုပ်ငန်း ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများတွင် အဓိကထားအသုံးပြုမည်ဖြစ်ကြောင်း (CAAT)အဖွဲ့ကပြောသည်။ (CAAT) အဖွဲ့သည် ထိုင်းနိုင်ငံ အတွင်းရှိ ဒရုန်းနည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းနှင့် စည်းမျဉ်းစည်းကမ်းများသတ်မှတ်ရေးတွင်အဓိကအခန်းကဏ္ဍ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရသည် ဒရုန်းများကို ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင်အဓိကထားအသုံးပြုရန် ရည်ရွယ်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ ထိုင်း နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဒရုန်းလိုအပ် ချက်များမြင့်တက်လာနေပြီး ဒရုန်းအမျိုးမျိုးကို တီထွင်ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေကြောင်း ထိုင်း အာဏာပိုင်များကပြောသည်။ ထိုင်းနိုင်ငံအတွင်းရှိ ဒရုန်းဈေးကွက်သည်လည်း လာမည့် နှစ်ပိုင်းအတွင်း ပိုမိုမြင့်တက်လာမည်ဖြစ်ပြီး ဒရုန်းအရောင်းအဝယ် ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမ်းမြို့ နယ်အတွင်းရှိ ကိုရင်နှင့် ကျောင်းသား /သူများ အပါအဝင် (၁၀ဝ)ကျော် AA အဖွဲ့က ဖမ်းဆီးထား
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ