Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်

Pika (NSS) - စက်တင်ဘာ ၁၉

မြောက်ကိုရီးယားအစိုးရဟာ အလွန်ကြီးမားတဲ့ထိပ်ဖူးတွေအသုံးပြုထားတဲ့ မဟာဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်အသစ်တွေနဲ့ ပြုပြင်မွမ်းမံထားတဲ့ခရုဇ်ဒုံးကျည်တွေကို စက်တင်ဘာလ(၁၈)ရက်နေ့မှာ စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။


မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတွေ နဲ့ နျူကလီးယားစွမ်းရည်တွေကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက တောင်းဆိုမှုနဲ့အတူ ယခုလိုစမ်းသပ်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့လုံခြုံရေးကို ပြင်ပတပ်ဖွဲ့တွေရဲ့ ခြိမ်း ခြောက်မှုတွေက မြင့်မားလာနေတာမလို့ စစ်လက်နက်ပစ္စည်းတွေရဲ့စွမ်းရည်တွေ မြှင့်တင်ဖို့စမ်းသပ်မှုတွေက လိုအပ်တယ်လို့ စမ်းသပ်မှုကိုကြီးကြပ်ခဲ့တဲ့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ စက်တင်ဘာလ(၁၈)ရက်နေ့ အစောပိုင်းမှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ပြီးနောက် ယခုလိုစမ်းသပ်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။  မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့စက်တင်ဘာလ(၁၂)ရက်နေ့မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး သီတင်းပတ်(၁)ပတ်မပြည့်ခင်မှာပဲ ယခုလိုထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် မြောက်ကိုရီးယားအစိုးရဟာ ယူရေနီယမ်သန့်စင်တဲ့စက်ရုံရဲ့ ဓါတ်ပုံတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပထမဆုံးအကြိမ်ထုတ်ပြန်ပြသခဲ့တယ်လို့လည်းသိရပါတယ်။

ကင်ဂျုံအန်းက "နျူကလီးယားစွမ်းရည်ကို ဆက်လက်မြှင့်တင်ပြီး အားအ ကောင်းဆုံးစစ်ဘက်ဆိုင်ရာ နည်းပညာစွမ်းရည်တွေနဲ့ အလွန်အားကောင်းတဲ့ထိုးစစ်ဆင်နိုင်စွမ်းတွေရှိဖို့ လိုအပ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ စက် တင်ဘာလ(၁၈)ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှုအတွင်း မဟာဗျူဟာမြောက် Hwasongpho-11-Da-4.5 ပဲ့ထိန်းဒုံးကျည်အသစ်တွေလည်း ပါဝင်တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် အဲဒီပဲ့ထိန်းဒုံးကျည်အသစ်မှာ အလေးချိန်(၄ ဒသမ ၅)တန်ရှိတဲ့ အလွန်ကြီးမားတဲ့ထိပ်ဖူးကို တပ်ဆင်ထားတယ်လို့လည်း KCNA ကဖော်ပြခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved