ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များပေးပို့ကူညီတာမျိုးမရှိဟု အီရန်အစိုးရပြော
ဂျန်ဇက် (NSS) - စက်တငဘာ ၁၂
အီရန်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်စနစ်များ ကူညီထောက်ပံ့ပေးခြင်းမရှိကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အီရန်နိုင်ငံက အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့သတင်းအချက်အလက်ထောက်လှမ်းရေးပိုင်းဟာ အမှားယွင်းတွေရှိနေကြောင်း၊ ၎င်းတို့ စွပ်စွဲဖော်ပြမှုတွေဟာမှန်ကန်မှုမရှိကြောင်း ပြောပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေက အီရန်နိုင်ငံကို ရုရှားနိုင်ငံထံ ပဲ့ထိန်းဒုံးကျည်များ သင်္ဘောနဲ့ပေးပို့နေခြင်းများအတွက် ပိတ်ဆို့မှုတွေချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက အီရန်နိုင်ငံဟာ Fath-360 အမျိုးအစား တာတိုပစ်ဒုံးကျည်များကို ရုရှားနိုင်ငံထံ ပေးပို့ခဲ့ကြောင်းသိရပါတယ်။ အမေရိကန်အစိုးရရဲ့စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီးနောက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတို့ကလည်း အမေရိကန်အစိုးရက ပိတ်ဆို့မှုချမှတ်ခဲ့တဲ့ အီရန်လေကြောင်းလိုင်း Iran Air နဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။
အီရန်နိုင်ငံကုမ္ပဏီတွေ၊ စစ်သင်္ဘောတွေ နဲ့ လူပုဂ္ဂိုလ်တွေဟာ ရုရှားကို ဒုံးကျည်များပေးပို့ရာမှာ ပါဝင်ဆက်နွှယ်ခဲ့ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက "အီရန်ဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည်တွေ လွှဲပြောင်းပေးခဲ့တာမရှိဘူး၊ ပိတ်ဆို့မှုဟာ အဖြေမဟုတ်ဘူး၊ ပြသာနာရဲ့အစိတ်အပိုင်းသာဖြစ်တယ်"လို့ ပြောပါတယ်။ Fath-360 ဒုံးကျည်တွေဟာ အကွာအဝေး ၁၂၀ ကီလိုမီ တာအထိ ရောက်ရှိပစ်ခတ်နိုင်ပြီး အမေရိကန်နိုင်ငံထုတ် HIMARS စနစ်နဲ့တူညီကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ဒဂုံတွင် ရပ်ထားသော(၁၂)ဘီးယာဉ်ကို တက္ကစီက မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်မှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ