ယူကရိန်းကို တာဝေးပစ်လက်နက်များ ပေးပို့ကူညီမှာမဟုတ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ဝင် ဖင်လန်နိုင်ငံပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံက ၎င်းတို့အနေနဲ့ ယူကရိန်းနိုင်ငံကို လက်ရှိအချိန်မှာ တာဝေးပစ်လက်နက်များ ပေးပို့သွားမှာမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖင်လန်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ဖင်လန်နိုင်ငံအနေနဲ့ ယူကရိန်းကိုစစ်ရေးကူညီထောက်ပံ့ပေးမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ပေးပို့ကူညီဖို့ မလို အပ်ကြောင်း ဖင်လန်သမ္မတက ပြောပါတယ်။ ဖင်လန်သမ္မတက "ဖင်လန်ဟာ ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေထဲမှာထိပ်ဆုံးကပါနေတယ်။ နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ဟာ နယ်စပ်ချင်း ၁၃၄၀ ကီလိုမီတာထိစပ်နေတယ်။ နေတိုးနဲ့ ရုရှားကြားစစ်ပွဲဖြစ်လာမှာကို တားဆီးရမယ်။ ရုရှားနိုင်ငံကနေ ကျွန်တော်တို့နိုင်ငံကို ပစ်မှတ်ထားတိုက် ခိုက်တာမျိုးမလုပ်ဆောင်ဖို့ လုပ်ဆောင်ရမယ်"လို့ပြောပါတယ်။
ဖင်လန်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးထားပြီး အဲဒီလက်နက်တွေ အသုံးပြုရေးနဲ့ပတ်သက်ပြီး ကန့်သတ်ချက်မထားရှိကြောင်း ၎င်းက ပြောပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ဖင်လန်နိုင်ငံက ကူညီထားတဲ့လက်နက်တွေ အသုံးပြုပြီး ရုရှားပိုင်နက်တွေကို အသုံးပြု တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်လို့ရကြောင်း ဖင်လန်သမ္မတကပြောပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဟာ ရုရှားနိုင်ငံကိုတားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖင်လန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀၀ ခန့်ဖြန့်ကြက်ချထားဖို့ စီစဉ်နေကြောင်းသိရပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားရဲ့ကျူးကျော်မှုကို ရင်ဆိုင်ရမှာစိုးရိမ်တဲ့အတွက် ဖင်လန်ဟာ ၂၀၂၃ ခုနှစ်မှာ နေတိုးမဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလှိုင်မြို့နယ်ရှိ ကျေးရွာဆယ်အိမ်မှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ