ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်ပိုင်ရှင်ကို ပြင်သစ်အာ ဏာပိုင်များစွဲချက်တင်
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
ပြင်သစ် အာဏာပိုင်တွေဟာ ရုရှားနိုင်ငံသားဖြစ်သကဲ့သို့ ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော တယ်လီဂရမ်ပိုင်ရှင်ဖြစ်သူ ဒူရောဗ့်ကို စွဲချက်တင်လိုက်ပြီး နိုင်ငံအတွင်းကနေ ထွက်ခွာခွင့်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
ပြင်သစ်အာဏာပိုင်တွေက ဒူရော့ဗ်ရဲ့တယ်လီဂရမ် အက်ပလီကေးရှင်းဟာ ချိူးဖောက်မှုများစွာကျူးလွန်ခဲ့တဲ့အတွက် စွဲချက်တင်ခဲ့တာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ပြင်သစ်အာဏာပိုင်တွေဟာ ဒူရော့ဗ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ လီဘော့ဂတ်မြို့လေဆိပ်ကိုရောက်ရှိလာချိန်အတွင်းဖမ်းဆီးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိတွေက စစ်ဆေးခဲ့ပြီးနောက် စွဲချက်တင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒူရောဗ့်ဟာယခင်က အကျဉ်းထောင်အတွင်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ (၅ ဒသမ ၅၆)သန်းနဲ့ အာမခံနဲ့နေထိုင်နေရပြီး တစ်ပတ်ကို နှစ်ကြိမ် ပြင်သစ်ရဲတပ်ဖွဲ့ထံသတင်းပို့ရမှာဖြစ်ပါတယ်။
ပဲရစ်မြို့အစိုးရရှေ့နေက ဒူရောဗ့်ဟာ အာဏာပိုင်တွေက တောင်းဆိုတဲ့ စာရွက်စာတမ်းတွေကို မျှဝေပေးဖို့ ငြင်းဆန်တာတွေလည်းရှိတဲ့အတွက် စွဲချက်တင်ခံရတယ်လို့ ဆိုပါတယ်။ ဒူရောဗ့်ဟာ လက်ရှိအချိန်မှာ ပြင်သစ်နိုင်ငံအတွင်းနေထိုင်နေရပြီး ငွေကြေးခဝါချမှု၊ မူးယစ်ကုန်ကူးမှု၊ အပြင် ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာခိုင်းစေတဲ့ ဂိုဏ်းများက တယ်လီဂရမ် လူမူကွန်ရက်ကိုအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာနေခြင်းကိုမသိကျိုးကျွံ့ပြုနေခြင်းများလည်းရှိနေခဲ့ကြောင်း ပြင်သစ် အာဏာပိုင်များကဝေဖန်ပြစ်တင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပီနံအိတ်ထုတ်လုပ်သည့် စက်ရုံများ၌ သွင်းကုန်လိုင်စင် အခက်အခဲများရှိနေသည့်အပေါ် MRF က ကူညီဖြေရှင်းပေးမည်
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ