ပိုလန်ဝန်ကြီးချုပ်က Nord Stream ပိုက်လိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေကြရန် တိုက်တွန်း
ALynn (NSS) - ဩဂုတ် ၁၉
ပိုလန်ဝန်ကြီးချုပ် Donald Tusk က Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများကို "အသံတိတ်နေကြရန်" တိုက်တွန်းထားပြီး ဂျာမနီရှိ ထောက်လှမ်းရေး သတင်းရင်းမြစ်များက Nord Stream ပိုက်လိုင်းများကို ပိုလန်-ယူကရိန်းတို့ ပူးပေါင်းကြံစည်၍ ဖျက်ဆီးထားသည်ဟု ထောက်ပြထားသည်။
ဂျာမနီနိုင်ငံပိုင်မီဒီယာ၏အဆိုအရ ဘာလင်ရှိ အစိုးရရှေ့နေများသည် ပိုက်လိုင်းများဖျက်ဆီးမှုနှင့် ပတ်သက်၍ ‘Vladimir Z’ ဟုလူသိများသော ယူကရိန်းနိုင်ငံသားတစ်ဦးအား ဇွန်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ Vladimir Z သည် ပိုလန်တွင် ရွက်လှေငှားကာ ဒိန်းမတ်နိုင်ငံ Bornholm ကျွန်းအနီး ဘောလ်တစ်ပင်လယ်ရှိ နေရာတစ်ခုသို့ ရွက်လွှင့်ပြီး Nord Stream 1 နှင့် Nord Stream 2 ပိုက်လိုင်းများတွင် ဖောက်ခွဲရေးပစ္စည်းများ ထည့်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဂျာမန်စုံစမ်းစစ်ဆေးရေးမှူးများသည် သံသယရှိသူမပျောက်ဆုံးမီ ၎င်းအားရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်ဖြင့် ဝါဆောမြို့အနောက်ဘက်အရပ်သို့ ခြေရာခံခဲ့ပြီး ပိုလန်နိုင်ငံသားများအား ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း ဂျာမန်နိုင်ငံပိုင် ARD သတင်းဌာနက ဖော်ပြခဲ့သည်။ ARD အရ အီးယူနိုင်ငံအချင်းချင်းကြား စည်းမျဥ်းစည်းကမ်းများ ရှိနေသော်လည်း ဘာလင်၏ ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်းဆိုချက်ကို ပိုလန်က တုံ့ပြန်ရန် ပျက်ကွက်ခဲ့သည်။ ကြာသပတေးနေ့တွင် Die Welt နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျာမနီနိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီ၏ ဥက္ကဟောင်း August Hanning က ပိုလန်သည် ဓာတ်ငွေ့ပိုက်လိုင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နိုင်ဖွယ်ရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။
Tusk ဝန်ကြီးချုပ်မဖြစ်မီ တစ်နှစ်ကျော်အလို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် Nord Stream ပိုက်လိုင်းများ ဖျက်ဆီးခံခဲ့ရသည်။ ပိုက်လိုင်းများကို ယူကရိန်းအဖျက်သမားများက ဖျက်ဆီးသည်ဟု ဂျာမန်စုံစမ်းရေးမှူးများက ဖော်ပြနေသော်လည်း အမေရိကန် သတင်းထောက် Seymour Hersh ၏ ဖော်ပြချက်အရ CIA မှာ တာဝန်ရှိသည်ဟု ဆိုသည်။ ထောက်လှမ်းရေး အသိုင်းအဝိုင်းအတွင်းမှ သတင်းရင်းမြစ်များကို ကိုးကား၍ Hersh သည် နော်ဝေရေတပ်နှင့်အတူ လက်တွဲလုပ်ဆောင်နေသော CIA ရေငုပ်သမားများသည် ဒေသတွင်း နေတိုးလေ့ကျင့်ခန်းကို ဟန်ပြလုပ်ကာ ပြီးခဲ့သောနွေရာသီတွင် ဗုံးများကို လမ်းကြောင်းများပေါ်တွင် ဖြန့်ဖြူးခဲ့ကြောင်း ဖော်ပြခဲ့သည်။
CIA စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ရုရှားနှင့် ဂျာမနီအကြား ဓာတ်ငွေ့ချိတ် ဆက်မှုများကို ဖြတ်တောက်ရန်ဖြစ်ပြီး မော်စကိုအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားကာ ဘာလင်သို့ ဓာတ်ငွေ့များပေးပို့ခြင်းတို့ကို ပြန်လည်လုပ်ဆောင်ရန်ဖြစ်သည်ဟု Hersh ၏ သတင်းများက ဖော်ပြနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များပင်လျှင် ယခင်ထက်ပိုမိုကာ ဆီတန်းစီ ဝယ်ယူနေရပြီး နေရာရောင်းချခြင်းနှင့် မှောင်ခိုရောင်းသည့် ဈေးကွက်လည်းဖြစ်နေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ