ဂျာမနီနိုင်ငံကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် (၆၀၀) ရောင်းချပေးမည်ဟု အမေရိကန်စစ်တပ် အတည်ပြု
ဂျန်ဇက် (NSS) - ဩဂုတ် ၁၇
အမေရိကန်အစိုးရသည် နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံကို အမေရိကန်ဒေါ်လာ (၅)ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ရောင်းချပေးရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။ ယူကရိန်း နှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ပိုင်းဥရောပတိုက်တွင် အငြင်းပွားမှုများ၊ တင်းမာမှုများဖြစ်ပွားနေချိန်တွင် အမေရိကန်က ဂျာမနီနိုင်ငံကို လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရောင်းချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်စစ်ဌာနချုပ်၏ ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက "ဂျာမနီနိုင်ငံရဲ့ကာကွယ်ရေးစွမ်းအင်ပိုင်း ပိုမိုကောင်းမွန်စေဖို့၊ အနာဂတ်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အပြင် လက်ရှိတွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရောင်းချပေးဖို့ခွင့်ပြုခဲ့တာပါ"ဟု ပြောသည်။ အမေရိကန်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်အနည်းဆုံး (၆၀၀) ရောင်းချပေးရန်ခွင့်ပြုခဲ့ခြင်းမျိုး ဖြစ်ကြောင်းသိရသည်။ နေတိုးအဖွဲ့၏ ကာကွယ်ရေးအစီအစဉ်အသစ်အရ ဂျာမနီနိုင်ငံသည် ၎င်း၏အခြေခံအဆောက်အအုံများနှင့် စစ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန်အတွက်လေကြောင်းရန်ကာကွယ်ရေးစနစ် အနည်းဆုံး လေးပုံတစ်ပုံ လိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။ ဂျာမနီနိုင်ငံတွင် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ် (၃၆)ခုရှိနေပြီး ယူကရိန်းနှင့်ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် သုံးခု ကူညီလှူဒါန်းခဲ့မှုအပါအဝင် ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ် (၉)ခုခန့်ကို ဆုံးရှုံးထားကြောင်းသိရသည်။
ဂျာမနီနိုင်ငံသို့ ရောင်းချပေးမည့် ပက်ထရီယော့ လေကြောင်းရန်ကာကွယ် ရေးရောင်းချမှုအစိတ်အပိုင်းအရ လောဟီမာတင် ကုမ္ပဏီက နည်းပညာပိုင်းနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချပေးသွားဖွယ်ရှိနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။ ဂျာမနီနိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်ပြီး ရုရှားနိုင်ငံ နှင့် တင်းမာမှုများရှိနေရာ စစ်ပွဲဖြစ်လာချိန်တွင် နိုင်ငံကို ကာကွယ်နိုင်ရန်ကြိုတင်ပြင်ဆင်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာထူးတိုးတဲ့ ဗိုလ်ချုပ်ကြီး(၃)ဦး၊ NUG ဒူဝါလရှီးလနဲ့ အမေရိကန်အဖွဲ့တွေ တွေ့ဆုံ၊ မြန်မာရွေးကောက်ပွဲကို ကူညီမယ်လို့ ထပ်ပြောတဲ့ ဝမ်ယိ၊ မြောက်ပိုင်းအဖွဲ့တွေ ဘာဆွေးနွေးနေသလဲ..?(၁၆-၈-၂ဝ၂၄)
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ