Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဟိန္ဒူပွဲတော်အတွင်း အကြမ်းဖက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့

ရောင်နီ (NP News) - ဧပြီ ၃


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တာကြောင့် လူတစ်ဦး သေဆုံးခဲ့ပါတယ်။ 


အကြမ်းဖက်မှုများကြောင့် အာဏာပိုင်များက ဘုရားပွဲတော်တွေမှာ ရာနဲ့ချီသော အဓိကရုဏ်းနှိမ်နင်းရေးရဲများ ဖြန့်ကျက်ချထားပြီး အိန္ဒိယအရှေ့ပိုင်းရှိ မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ 

        

ဘီဟာပြည်နယ် နာလန်ဒါခရိုင်၊ ဘီဟာရှရစ်ဖ် မြို့မှာ စနေနေ့(ဧပြီလ ၁ ရက်)က ဟိန္ဒူဘာသာ Ram Navami အထိမ်းအမှတ် စီတန်းလှည့်လည်ခြင်း ပွဲတော်မှာ ဟိန္ဒူဘာသာဝင်များ ပါဝင်ဆင်နွဲနေစဉ် သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြချက်အရ အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မြို့တွင်းရှိ ပွဲတော်များ ကျင်းပချိန်များမှာ လူစုလူဝေးနဲ့ နေအိမ်များ၊ ဈေးဆိုင်များကို မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး တစ်ရက်အကြာမှာ ယင်းဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ 


အိန္ဒိယနိုင်ငံရဲ့ နေရာအတော်များများမှာ Ram Navami ပွဲတော်ကို ဓားတွေ၊ တုတ်တွေနဲ့ သေနတ်တွေတောင် ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးနဲ့ စီတန်းလှည့်လည်ကာ ပွဲတော်ဆင်နွှဲကြလေ့ ရှိပါတယ်။ အကြမ်းဖက်မှုများ ဖြစ်ပွားနေမှုကြောင့် အာဏာပိုင်များက အချို့နေရာများမှာ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကို ပိတ်ကာ အများပြည်သူသွားလာလှုပ်ရှားမှုကို တားမြစ်ခဲ့ပါတယ်။ မကြာသေးမီ ရက်များအတွင်းကလည်း အိန္ဒိယပြည်နယ် ခုနစ်ခုမှာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဒါဇင်နဲ့ချီသော ဒဏ်ရာရရှိသူများရှိကာ အနည်းဆုံး မြို့ကြီး ၁၃ မြို့မှာ ပစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။

      

အတ္တရာပရာဒက်ရှ်၊ မာဒ်ဟာပရာဒက်ရှ်၊ ကာနာတာကာနဲ့ အနောက်ဘန်ဂေါတို့မှာ ကြာသပတေးနေ့က လူအုပ်နဲ့ ကားများ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဗာဒိုဒါရာ နဲ့ အိမ်နီးချင်း မက်ဟာရက်ရ်ှတရာ ပြည်နယ်မှာလည်း ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်မှာလည်း အလားတူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

zawgyi version


ရောင်နီ (NP News) - ဧပြီ ၃





        




      

အတ္တရာပရာဒက်ရှ်၊ မာဒ်ဟာပရာဒက်ရှ်၊ ကာနာတာကာနဲ့ အနောက်ဘန်ဂေါတို့မှာ ကြာသပတေးနေ့က လူအုပ်နဲ့ ကားများ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဗာဒိုဒါရာ နဲ့ အိမ်နီးချင်း မက်ဟာရက်ရှ်တရာ ပြည်နယ်မှာလည်း ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်မှာလည်း အလားတူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဦးခေါင်း၊ခြေထောက်နှင့် လက်များ ဖြတ်တောက်ခံရကာ သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏အလောင်းကို ရွှေဘိုမြို့နယ်အတွင်းတွေ့ရှိ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved