ဦးခေါင်း၊ခြေထောက်နှင့် လက်များ ဖြတ်တောက်ခံရကာ သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏အလောင်းကို ရွှေဘိုမြို့နယ်အတွင်းတွေ့ရှိ
NP News - ဧပြီ ၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဦးခေါင်း၊ ခြေထောက်နှင့် လက်များ ဖြတ်တောက်ခံရကာ ခန္ဓာကိုယ်အနှံထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏အလောင်းကို ရွှေဘိုမြို့နယ်အတွင်းတွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၎င်းရုပ်အလောင်းကို ယမန်နေ့ (ဧပြီလ ၂ ရက်)၊ နံနက် (၁ဝ)နာရီအချိန်၌ တဂဏန်းကျေးရွာရှိ ချောင်းစပ်အနီးတွင်တွေရှိခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“မူးထဲမျောလာတာပါ။ ဓားလို့ယူဆရတာပေါ့ အဲ့တာနဲ့ထိုးထားတာတွေ့တယ်။ အဓိကကတော့ရင်ဘက်တွေ မိန်းမကိုယ်တို့ကိုထိုးထားတာတွေ့တယ်။ ဘယ်နှစ်ရက်လောက် ကြာလဲတော့မသိဘူး။ ပုတ်ပွနေတဲ့ပုံစံလည်းမတွေ့ရဘူး" ဟု အထက်ပါဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အလောင်းအား ရွှေဘိုဆေးရုံရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူနှင့် ပတ်သက်ပြီး မည့်သည့်အချက်အလက်ကိုမှ မသိရသေးကြောင်း ၎င်းအသင်းမှပြော ဆိုထားသည်။
ထိုသို့ရက်စက်စွာသတ်ဖြတ်ခံထားရသည့်အမျိုးသမီး၏ရုပ်အလောင်းနှင့် ပတ်သက်၍ နစကနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာဖြေရှင်းပြောဆိုခြင်းမျိုး မရှိသေးပေ။
zawgyi version
ဦးေခါင္း၊ေျခေထာက္ႏွင့္ လက္မ်ား ျဖတ္ေတာက္ခံရကာ ေသဆုံးေနသည့္ အမ်ိဳးသမီးတစ္ဦး၏အေလာင္းကို ေ႐ႊဘိုၿမိဳ႕နယ္အတြင္းေတြ႕ရွိ
NP News - ဧၿပီ ၃
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕တြင္ ဦးေခါင္း၊ ေျခေထာက္ႏွင့္ လက္မ်ား ျဖတ္ေတာက္ခံရကာ ခႏၶာကိုယ္အႏွံထိုးသြင္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသမီးတစ္ဦး၏အေလာင္းကို ေ႐ႊဘိုၿမိဳ႕နယ္အတြင္းေတြ႕ရွိခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၎႐ုပ္အေလာင္းကို ယမန္ေန႔ (ဧၿပီလ ၂ ရက္)၊ နံနက္ (၁ဝ)နာရီအခ်ိန္၌ တဂဏန္းေက်း႐ြာရွိ ေခ်ာင္းစပ္အနီးတြင္ေတြရွိခဲ့ရေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
“မူးထဲေမ်ာလာတာပါ။ ဓားလို႔ယူဆရတာေပါ့ အဲ့တာနဲ႔ထိုးထားတာေတြ႕တယ္။ အဓိကကေတာ့ရင္ဘက္ေတြ မိန္းမကိုယ္တို႔ကိုထိုးထားတာေတြ႕တယ္။ ဘယ္ႏွစ္ရက္ေလာက္ ၾကာလဲေတာ့မသိဘူး။ ပုတ္ပြေနတဲ့ပုံစံလည္းမေတြ႕ရဘူး" ဟု အထက္ပါေဒသခံလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ အေလာင္းအား ေ႐ႊဘိုေဆး႐ုံရင္ခြဲ႐ုံသို႔ ပိုေဆာင္ေပးခဲ့ၿပီး လက္ရွိအခ်ိန္အထိ ေသဆုံးသူႏွင့္ ပတ္သက္ၿပီး မည့္သည့္အခ်က္အလက္ကိုမွ မသိရေသးေၾကာင္း ၎အသင္းမွေျပာ ဆိုထားသည္။
ထိုသို႔ရက္စက္စြာသတ္ျဖတ္ခံထားရသည့္အမ်ိဳးသမီး၏႐ုပ္အေလာင္းႏွင့္ ပတ္သက္၍ နစကႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔က လက္ရွိအခ်ိန္အထိ တစ္စုံတစ္ရာေျဖရွင္းေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရလဒ်များဆိုးဝါးမှုကြောင့် နည်းပြပေါ်တာကို ရာထူးမှထုတ်ပယ်ပြီး ယာယီနည်းပြသစ်ခန့်အပ်လိုက်သော ချဲလ်ဆီးအသင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း