နျူကလီးယားစစ်ပွဲဖြစ်ပွားခဲ့မယ်ဆိုရင် အမေရိကန်က မိတ်ဖက်တွေကို ကယ်ဆယ်ပေးမှာမဟုတ်ဘူးလို့ ရုရှားသမ္မတသတိပေး
Pika (NSS) - ဇွန် ၈
ဥရောပမှာရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားကို နျူကလီးယားလက်တုံ့ပြန်မှုတွေနဲ့ ရန်စဖို့ လုပ်ဆောင်ခဲ့မယ်ဆိုရင် အမေရိကန်ဟာ အဲဒီပြဿနာရဲ့ ဘေးမှာပဲနေနေလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က အကြံပြုပြောဆိုခဲ့ပါတယ်။ ပူတင်ဟာ စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်(SPIEF)မှာ ဇွန်လ(၇)ရက်နေ့က စကားပြောဆိုချိန်အတွင်း ယခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ပူတင်က "ဥရောပနိုင်ငံတွေဟာ စဉ်းစားရမှာ ဒီလိုနျူကလီးယားစစ်ပွဲဖြစ်ပွားလာခဲ့မယ်ဆိုရင် အမေရိကန်က အဲဒီစစ်ပွဲထဲမှာ ပါဝင်လာမှာ ဟုတ်/မဟုတ်ဆိုတာကိုပါပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်သံသယဖြစ်မိပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ရုရှားနိုင်ငံတို့ဟာ ဒုံးကျည်တွေကို ထောက်လှမ်းဖို့အတွက် သတိပေးစနစ်တွေကို အကောင်းဆုံးတီထွင်ထားပေမယ့်လည်း ဥရောပမှာရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာတော့ အဲဒီလိုစနစ်တွေမရှိဘူးလို့ ပူတင်ကပြောဆိုခဲ့ပါတယ်။ 'ဒီဆိုလိုရင်းကတော့ သူတို့ဟာ အနည်းနဲ့ အများတော့ အကာ အကွယ်ကင်းမဲ့နေတယ်ဆိုတာပါပဲ'လို့ သမ္မတပူတင်က ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ရုရှားရဲ့ မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေဟာ ဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တို့ကို အမေရိကန်ကကြဲခဲ့တဲ့ ဗုံးတွေထက် သုံးဆ ဒါမှမဟုတ် လေးဆပိုပြီး အားပြင်းတယ်လို့ ပူတင်က ထပ်မံပြောဆိုခဲ့ပါတယ်။ ပူတင်က 'ဥရောပတိုက်မှာရှိတဲ့ နျူကလီးယားလက် နက်တွေထက် အဆများစွာပိုအားကောင်းတဲ့ဗုံးတွေ ကျွန်တော်တို့မှာရှိပါတယ်။ ပြီးတော့ အမေရိကန်မှာရှိတာတွေထက်လည်း ပိုအားကောင်းတဲ့ ဗုံးတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဒီလိုစစ်ပွဲတွေဖြစ်ပွားလာခဲ့မယ်ဆိုရင် အသေအပျောက်တွေများစွာ ရှိလာပါလိမ့်မယ်' လို့သတိပေးပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနား-ပူတာအိုကားလမ်းပိတ်ထားသည်မှာ (၃)လကျော်ကြာမြင့်လာပြီဖြစ်၍ လေယာဉ် ဖြင့် ရိက္ခာတင်ပို့လှူဒါန်းရန် စီစဉ်နေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ