Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယား၏ စစ်ဘက်သုံးဂြိုလ်တု လွှတ်တင်ပြီးနောက် လေထဲ၌ပင်ပေါက်ကွဲ

Pika (NSS) - မေ ၂၈

မြောက်ကိုရီးယားနိုင်ငံဟာ မေလ(၂၇)ရက်နေ့မှာ စစ်ဘက်သုံးဂြိုလ်တုအသစ်ကို လွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင်ဟာ ပျံသန်းစဉ်အချိန်အတွင်း လေထဲမှာပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။


မြောက်ကိုရီးယားအစိုးရဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၎င်းတို့ရဲ့ ဒုတိယမြောက်စပိုင်ဂြိုလ်တုဖြစ်လာမယ့် ဂြိုလ်တုကို လာမယ့်ဇူလိုင်လ(၄)ရက်နေ့မှာ လွှတ်တင်ဖို့ကြိုးပမ်းသွားမယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာမှာ ဒီလိုကြိုးပမ်းမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ၎င်းတို့ရဲ့ပထမဆုံး စပိုင်ဂြိုလ်တုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အမျိုးသားအာကာသနည်းပညာ စီမံခန့်ခွဲရေး လက်ထောက် ညွှန်ကြားရေးမှူးချုပ်က 'စစ်ဘက်သုံးဂြိုလ်တုကို သယ်ဆောင်ထားတဲ့ ဒုံးပျံဟာ လွှတ်တင်ပြီးနောက် မကြာခင်မှာပဲ လေထဲမှာပေါက်ကွဲသွားခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲသွားတဲ့ဒုံးပျံဟာ အသစ်တီထွင်ထားတဲ့ လောင်စာဆီအရည်သုံးဒုံးပျံဖြစ်ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အခြားအကြောင်းအရာတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာရေးသားဖော်ပြထားပါတယ်။မြောက်ကိုရီးယားရဲ့  စစ်ဘက်သုံးဂြိုလ်တုလွှတ်တင်မှုဟာ ကျရှုံးခဲ့ပုံပေါ်တယ်လို့ တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့အရာရှိတွေက အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ဒုံးပျံတစ်စင်းကို ၎င်းရဲ့အနောက်ဘက်ကမ်းရိုးတန်း တောင်ပိုင်းကနေ မေလ (၂၇)ရက်နေ့၊ နံနက်(၁၀)နာရီ(၄၄)မိနစ်အချိန်မှာ လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS) ကပြောကြားခဲ့ပါတယ်။ ပစ်လွှတ်မှုတွေ လုပ်ဆောင်ပြီးနောက် (၂)မိနစ်လောက်အကြာမှာ မြောက်ကိုရီးယားဒုံးပျံရဲ့ အပျက်အစီးအများအပြားကို ပင်လယ်ထဲမှာ ခြေရာခံတွေ့ရှိခဲ့တယ်လို့ (JCS) က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ အရာဝတ္ထုဟာ ပင်လယ်ဝါအတွင်း ပျောက်ကွယ်သွားခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက ပြောကြားခဲ့ပါတယ်။ ၎င်းက'ဒီပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ပြီး ကျွန်တော်တို့ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကိစ္စတစ်ခုပဲဖြစ်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ရဲ့နယ်မြေအစိတ်အပိုင်းတချို့ကို ပူးပေါင်းပြီး ခရစ်ယာန်နိုင်ငံအဖြစ်ထူထောင်ဖို့ ကြံစည်နေကြောင်း ရှိတ်ဟာစီနာစွပ်စွဲခံရ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved