တရုတ်၏ EV ကားများကို တန်ပြန်ရန် ဂျပန်နှင့် အာဆီယံအကြား မော်တော်ယာဉ်ဆိုင်ရာ ပူးတွဲမဟာဗျူဟာတစ်ရပ်ကို ဖန်တီး
ALynn (NSS) - မေ ၂ဝ
ဒေသအတွင်းတွင် တရုတ်လျှပ်စစ်ကားများသည် ပိုမိုပျံ့နှံ့လာသောကြောင့် ဂျပန်နှင့် အာဆီယံတို့သည် အရှေ့တောင်အာရှအစုအဖွဲ့အတွင်း မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုဆိုင်ရာ ပထမဆုံး ပူးတွဲမဟာဗျူဟာ တစ်ရပ်ကို ဖန်တီးရန် ရည်ရွယ်ထားပါသည်။ နှစ်ဖက်စီးပွားရေးဝန်ကြီးများသည် ယခုနှစ် စက်တင်ဘာလဆန်းတွင် တွေ့ဆုံကြမည်ဖြစ်ကာ ၂ဝ၃၅ ခုနှစ်ဝန်းကျင်အတွက် ကြားဖြတ်ပူးပေါင်းမှု မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲရန် ရည်မှန်းထားသည်။
အာဆီယံသည် Toyota Motor နှင့် Honda Motor အပါအဝင် ဂျပန်ကားထုတ်လုပ်သူအများအပြား၏ စက်ရုံတည်နေရာဖြစ်နေသည်။ ဂျပန်မော်တော်ကားထုတ်လုပ်သူများသည် အာဆီယံတွင် နှစ်စဉ် ကားအစီးရေ ၃ သန်းကျော်ကို တပ်ဆင်ကြပြီး စုစုပေါင်းထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကာ အရှေ့အလယ်ပိုင်းနှင့် အခြားဒေသ များသို့ မော်တော်ယာဉ်အများအပြား တင်ပို့လျက်ရှိသည်။
အဆိုပါပူးတွဲမဟာဗျူဟာသည် ဝန်ထမ်းလေ့ကျင့်ရေး၊ ကာဗွန်ထုတ်လုပ်မှု၊ အရင်းအမြစ်များ ဝယ်ယူရေး၊ ဇီဝလောင်စာနှင့် သတင်းအချက်အလက်ဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုကဲ့သို့ မျိုးဆက်သစ်နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သွားမည်ဖြစ်သည်။ ဝန်ထမ်းလေ့ကျင့်ရေးကဏ္ဍအတွက် ဂျပန်သည် Global South ကို အကူအညီပေးရန် လျာထားသည့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ရန်ပုံငွေ ယန်း ၁၄၀ ဘီလျံကို သုံးစွဲသွားရန် ရည်ရွယ်ထားသည်။ စက်ရုံအလုပ်သမားများနှင့် စက်ပစ္စည်းအစိတ်အပိုင်းထောက်ပံ့သူများက ဒီဂျစ်တယ်နည်းပညာလေ့ကျင့်ရေးများ ရရှိသွားမည်ဖြစ်သည်။
ဂျပန်နည်းပညာသည် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကို သတိထားစောင့်ကြည့်သွားမည်ဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များကို ပြောင်းလဲအသုံးပြုဖို့ ကြိုးပမ်းသွားမည်ဖြစ်သည်။ ယင်းတွင် အသုံးပြုပြီးသား ချက်ပြုတ် ဆီမှ ထုတ်လုပ်သည့် ဇီဝလောင်စာများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။
ဂျပန် နှင့် အာဆီယံတို့သည် မော်တော်ယာဉ် တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းရာတွင် အဆိုပါသဘာဝပတ်ဝန်းကျင် ဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာတစ်ဝန်းသို့ ပူးတွဲကြော်ငြာသွားမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် ၂ဝ၃၅ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်ဈေးကွက်အတွက် ခန့်မှန်းချက်များကို နှစ်ဖက်စလုံး က ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံမှ တာဝန်ရှိသူတို့ဆွေးနွေး
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ